8.30Am
တီတောင်.~တီတောင်.တီတောင်.တီတောင်.~
စိုင်းခက်ဘဲလ်တီးနေသော်လည်းမကြားသေးခနရပ်ကာစောင့်နေလေ၏။
သာဓု~သာဓု~သာဓု အခုလိုကန်တော့ရတဲ့အတွက် စာမေးပွဲကိုဘာအခက်အခဲမှမရှိဘဲဖြေနိုင်ပါစေကွယ်
"ဟုကဲ့ပါမေမေ ဖေဖေကောပေးလေဗျာ.."
"သားမေမေပြောတဲ့အတိုင်းပေါ့သားရဲ့.."
"ဟင့်ဖေဖေဆုမပေးတတ်ရင်မပေးတတ်ဘူးပေါ့..'
ရတုတစ်ယောက်ကန်တော့တိုင်းမေမေပေးတဲ့အတိုင်း မေမေပေးတဲ့အတိုင်းပြောသည့်ဖေဖေအားနှုတ်ခမ်းလေးဆူမိပါ၏။
"သားသွားပြီနော်ဖေဖေ.."
"ဟုပီသားကိုလာကြိုမယ်မလား.."
"ဟုတ်ကိုကိုလာကြိုမှာပါဖေဖေရဲ့.."
အိမ်ရှေ့ထွက်သည့်အထွက်ကိုကိုရပ်ကာစောင့်နေသည်ကိုမြင်လေသည်။
"ကိုကို.."
"ဗျာ ဗျ.."
"ကိုကို့လူညစ်လေးလာပြီလားဗျာ.."
စိုင်းခက်တစ်ယောက်ဟိုတစ်နေ့ကကိစ္စကိုအခဲမကြေသေးပေ။အညစ်ခံလိုက်ရသည်မှာတော်တော်ပင်စိတ်မချမ်းသာဖြစ်ခဲ့ရ၏ လည်လွန်းသည့်ကလေးအားပို၍ပင်အပြစ်ပေးချင်သော်လည်းယခုချိန်တွင်စာမေးပွဲကြောင့်လွှတ်ထားရ၏ သူ၏စိတ်အားအလွန်ပင်ထိန်းချုပ်ထားရ၏
"ကိုကိုဗျာ..ကျွန်တော့်ကိုအဲ့လိုကြီးခေါ်တာစိတ်ကောက်လိုက်ရမှာလား.မပြောတော့ဘူးစိတ်ကောက်တယ်.."
"မဖြစ်သင့်တာတွေမဖြစ်အောင်တားခဲ့တာကိုစိတ်ဆိုးနေတဲ့လူရီး တစ်နေ့တော့အ၀ကျွေးပစ်မယ်အဲ့ကျမှမစားချင်ဘူးမလုပ်နဲ့စောက်ကိုကိုစုတ် .."
စိတ်ထဲ၌သာရေရွတ်ရဲသောစကားများသာဖြစ်၏ ထွက်ခဲ့ပါကတစ်ကယ်လုပ်မည်ဖြစ်သောကိုကို့ကြောင့်ပင် မပြောရဲစိတ်ထဲသာပြောရ၏။
"မကောက်ပါနဲ့ဗျာ.."
"ကိုကို့အသဲလေးကစိတ်ကောက်ရင်ဘီလူးမသံပုရာသီးစားနေတဲ့ရုပ်နဲ့တူလို့ပါဗျာ.."
စိတ်ဆိုးနေသူအားမချော့ဘဲအနည်းငယ်နောက်ရသေး၏ ဆူပုတ်နေသောမျက်နှာလေးမှာပို၍ပင်ဆူပုတ်နေကာ ခေါင်းလေးပါငုံ့သွား၏
YOU ARE READING
My Possessive Bad Guy
Romanceဘယ်သူ့ကိုမှရင်မခုန်တဲ့ကျွန်တော်နှလုံးသားကဒီလူကြီးကိုမှရင်ခုန်နေလေရဲ့ဖြစ်သင့်ရဲ့လားဗျာ. ရတုမိုးရှိန် မိန်းကလေးတွေကိုအထည်လဲသလိုတွဲခဲ့ဖူးပေမဲ့ဒီကောင်လေးနဲ့ပတ်သတ်တဲ့ကျွန်တော့်ရဲ့ခံစားချက်လေးကတစ်မျိုးလေးဗျာ...