လက်ထပ်ခွင့်တောင်းပြီးနောက်တစ်နေ့မနက်၌စိုင်းခက်ပါပါးအားနောက်အပတ်ဆင်းလာရန်ပြောခဲ့၏ရတုမိဘများအားလာမည့်နောက်နှစ်ပတ်တနင်္ဂနွေလာတောင်းရန်သတင်းစကားပါးထားရသည် ရတုစာမေးပွဲနီးလေပြီဖြစ်သောကြောင့်ကျွန်တော်မြန်မြန်စေ့စပ်ထားချင်လေပြီဖြစ်သည်
at 10.30 am
ရတုတစ်ယောက်အားလပ်ချိန်ဆင်းချိန်အခန်းပြင်သို့ထွက်ကာထိုနေ့ဖြစ်စဥ်များအားတစ်ဖန်ပြန်လည်စဥ်းစား၍ကြည်နူးနေမိ၏
ကိုကိုပြောခဲ့သည်မှာ
"ကိုကို့ကိုလက်ထပ်ပါကောင်လေး"တဲ့လေ
ကျွန်တော်သိပ်ပျော်မိပါ၏ ကျွန်တော့်အားပန်းလေးတွေနှင့်တင်စားကာသိပ်ချစ်ကြောင်းပြောခဲ့သူကိုကိုအားသိပ်မြတ်နိုးမိသည်မှာပြောမပြတတ်လောက်အောင်ပင်ဖြစ်၏ရတုစာလေးတစ်ကြောင်းလောက်စီပြန်၏"ကျွန်တော့်နှလုံးသားကိုအပိုင်သိမ်းသွားတဲ့ကျွန်တော့်မူပိုင်ကိုကိုလူဆိုးလေးအတွက်ကိုပဲကျွန်တော့်နှလုံးသားကတည်ရှိမှာပါ.."
စိတ်ထဲ၌ကျွန်တော့်အတွေးနှင့်ကျွန်တော်ပြုံးနေစဥ်ဘေးမှကောင်မလေးတစ်ဦးထံမှစကား
"ရတုတို့ကိုဘာလို့ငြင်းတာလဲဟင် သက်ဆိုင်သူများရှိနေလို့လား.."
ထိုမိန်းကလေးအသံကိုရတုမှတ်မိပါသည်သူ့အားနေ့စဥ်နှောက်ယှက်နေသူထိုမိန်းကလေး၏အသံပင်ဒဲ့သာမဖြေလျှင်ဆက်နှောက်အုံးမည်ဖြစ်သောကြောင့်ဒဲ့သာပြောချလိုက်လေ၏
"အင်းဟုတ်တယ်.."
"တို့ကိုနည်းနည်းတောင်အခွင့်အရေးမပေးတော့ဘူးပေါ့.."
"ပြောပြီးသားပဲမေးနေသေးတယ်.."
ဆက်မဖြေချင်သည်နှင့်အခန်းထဲသို့၀င်သွားလိုက်၏ကျွန်တော့်၏ပျှော်ရွှင်မှုများအားဖျက်ဆီးနေသူထိုမိန်းကလေးအားဒေါသသည်လည်းထွက်မိပါ၏ယောက်ကျားလေးတစ်ယောက်အနေနှင့်မိန်းကလေးတစ်ဦးအားထိုသို့ပြောဆိုရန်မသင့်တော်သော်လည်းထိုသို့မှမပြောလျှင်မဖြစ်ချေ..
ဆက်ပြောမိခဲ့သည့်ရင်တွင်းစကားလေးကိုတော့သူမမကြားခဲ့ .
"ဘယ်သူတွေဘယ်လောက်ချစ်ကြောင်းပြောပြောကျွန်တော့်နှလုံးသားဟာထိုသူတစ်ယောက်တည်းအတွက်ပါပဲ.."
YOU ARE READING
My Possessive Bad Guy
Romanceဘယ်သူ့ကိုမှရင်မခုန်တဲ့ကျွန်တော်နှလုံးသားကဒီလူကြီးကိုမှရင်ခုန်နေလေရဲ့ဖြစ်သင့်ရဲ့လားဗျာ. ရတုမိုးရှိန် မိန်းကလေးတွေကိုအထည်လဲသလိုတွဲခဲ့ဖူးပေမဲ့ဒီကောင်လေးနဲ့ပတ်သတ်တဲ့ကျွန်တော့်ရဲ့ခံစားချက်လေးကတစ်မျိုးလေးဗျာ...