"1ညတည်းကမနည်းဘူးလား.."
တဇွတ်ထိုးဆန်လှသောစကားလုံးလေးအားအံ့အံသြသြမေး၏"ကိုယ့်အတွက်များတောင်များနေသေးတာ ကောင်လေး~မသနားဘူးလားကိုယ်တစ်ညလုံးကြီးတောင်စောင့်နေရမှာ..."
"ဖြစ်နိုင်ရင်အခုတောင်လိုချင်တာဒါမဲ့ကောင်လေးကိုတော့တစ်ညစောင့်ဆိုလည်းစောင့်ပါ့မယ်ဗျာ.."စကားပြောသည်မှာများရင်းနှင့်ပင်
ရတုအိမ်ကျော်သွားလေသည်"ကိုကို့ ~ကျွန်တော့်အိမ်ကျော်သွားပြီ"
"အော်~ ကိုကိုမေ့သွားလို့.."
ရတုအိမ်ရှေ့သို့ကားပြန်ကွေ့ကာသူစကားစမည်အပြင်ပြေးထွက်သွားလေသည်
"အယ် ~ကောင်လေးစဥ်းစားထားနော်ကိုယ်မနက်ဖြန်လာတောင်းမှာ.."စိုင်းခက်ပြေးထွက်သွားသူအားအော်ပြောလိုက်လေသည်
ရတုရင်ခုန်နှုန်းတွေမြန်ဆန်ကာအိမ်ထဲပြေး၀င်လာခဲ့သည် ရှက်လွန်း၍သေတော့မည်ဖေဖေမေးသည်ကိုပင်မဖြေနိုင်မြန်မြန်ပြေးတက်ခဲ့သည်အိမ်ပေါ်သို့
"သား ~သားဘာဖြစ်လာတာလဲ .."
"အော်ဒီကောင်လေးဖြေတောင်မဖြေတော့ဘူး.."
"ဟိုကောင်လေးကဘာများလုပ်လိုက်တာလဲမသိပါဘူးပြေးတက်သွားသည်ဆိုတော့.."
ဦးရှိန်းဇော်သိသည်သူ့သားနေ့တိုင်းထိုကောင်လေးနှင့်ပြန်လာသည်ကို မသိချင်ယောင်ဆောင်နေ၍သာ ။"သားရွေးချယ်မှုမှန်မယ်လို့ဖေဖေထင်တယ်..."
ရတုကျူရှင်ရှေ့အထွက်သူမြင်နေကျbugattiအနက်လေးအားမတွေ့သလိုကိုကို့ကိုလည်းမတွေ့ပေ။မိနစ်အနည်းငယ်စောင့်လိုက်သော်လည်းအရိပ်ပင်ပေါ်မလာသည်မို့တစ်ယောက်ထဲသာပြန်ရတော့မည်
"ပြောတော့အဖြေလာတောင်းမှာတဲ့ လူကကျတော့ရောက်မလာဘူး ကတိဖျက်တယ်.."
"နောက်နေ့တွေ့ကြည့်မခေါ်ဘဲထားပစ်မယ်.."ရတုစိတ်ရှိတိုင်းတီးတိုးပြော၍သာအိမ်ပြန်ခဲ့သည်
ရတုတို့နှစ်ယောက်ကိုကံကြမ္မာကခွဲခဲ့ပေမဲ့လူသားနှစ်ဦးကိုတော့ပေါင်းစည်းပေးနေသည်
YOU ARE READING
My Possessive Bad Guy
Romanceဘယ်သူ့ကိုမှရင်မခုန်တဲ့ကျွန်တော်နှလုံးသားကဒီလူကြီးကိုမှရင်ခုန်နေလေရဲ့ဖြစ်သင့်ရဲ့လားဗျာ. ရတုမိုးရှိန် မိန်းကလေးတွေကိုအထည်လဲသလိုတွဲခဲ့ဖူးပေမဲ့ဒီကောင်လေးနဲ့ပတ်သတ်တဲ့ကျွန်တော့်ရဲ့ခံစားချက်လေးကတစ်မျိုးလေးဗျာ...