A/N ဘာမှမပြောတော့ဘူးသားမိုက်
"ကိုကို.."
"နိုးပြီလား နာနေလားကလေး.."
"နည်းနည်းပါပဲ ကိုကိုကကျွန်တော့်စကားနားထောင်တာကိုဟီး.."
"ကောင်လူဆိုးလေး ဘယ်ကတတ်လာတာလဲအဲ့အတတ်တွေ ပြော အဲ့လိုပုံစံဝတ်ရမယ်လို့ကောဘယ်သူပြောတာလဲ ကိုယ်မကြိုက်ဘူးသူများတွေမြင်သွားရင်ဘယ်လိုလုပ်မလဲ တစ်လမ်းလုံးအဲ့ပုံကြီးလား ဟမ်.."
မကောင်းသောအတတ်များအားလယ်ကတတ်လာသည်မသိတော့ဘဲမကျေမပ်သည့်အရာများအားဖွင့်ထုတ်ရသေး၏။
"ကိုကို့မေးခွန်းတွေကအရှည်ကြီး ဘယ်ကစဖြေရမှာလဲ .."
မေးခွန်းတွေတန်းစီပြီးမေးနေသောသူအားငေးကြည့်ခဲ့ပါ၏ သဝန်တိုမှုများပါဝင်နေကာသူ့အပိုင်အားအခြားသူများထိသည်ကိုထိုင်ကြည့်နေမည်မပြောနှင့်၊ မရိုးသားသောအကြည့်များနှင့်ကြည့်သည်များအားအလိုမကျမှုနှင့်ဒေါသများပါဝင်၏။
"ကျန်တာတွေမသိချင်ဘူးshirtတစ်ထည်ထဲနဲ့ဘယ်လိုလာတာ အဲ့လိုလာခဲ့တာလား ကျစ်.."
သဝန်တိုသည်ဟုဆိုနိုင်သောထိုစကားအား ပြောနေမိပါ၏ ဒါမဲ့ကျွန်တော့်ရင်ထဲခံစားနေရသည်မှာထိုစကားစုထက်ပိုသော အူတိုသည်ဟူသောခံစားချက်များသာဖုံးလွှမ်းနေ၏။
"ဟုတ်တယ်လေကိုကို ကျွန်တော်အဲ့ပုံနဲ့လာခဲ့တာ တမြို့လုံးပတ်ပြီးတော့ ဘာဖြစ်လို့လဲပေါင်လေးပဲပေါ်တာမလား ကျွန်တော်ဘာမှမဖြစ်ပါဘူး.."
အနည်းငယ်စနောက်နေသော်လည်းရုပ်တည်ကြီးနှင့်ပြောနေခြင်းပင် ။
"ရတုမိုးရှိန် မင်း.."
"ပြောမရဘူးမလား သွားငါ့နားမလာခဲ့နက်အဲ့တစ်မြို့လုံးကိုပဲ မင်းအလှတွေပြနေလိုက် .."
"အီးးးး ကိုကိုကစားပြီးနားမလည်ဘူး ဟင့် ဟင့် .."
"ယောက်ကျားတွေကအဲ့လိုပဲ စားပြီးတော့ပစ်ပြီ.."
"ငါမင်းကိုအဲ့လိုပြောမိသလား မင်းဝတ်တဲ့ပုံစံကိုသဘောမကျတာ ကိုယ့်ရှေ့မှာထားအုံး publicမှာကြီးကတော့အဲ့ပုံစံကြီးမလုပ်နဲ့လေ ငါမကြိုက်ဘူး.."
YOU ARE READING
My Possessive Bad Guy
Romanceဘယ်သူ့ကိုမှရင်မခုန်တဲ့ကျွန်တော်နှလုံးသားကဒီလူကြီးကိုမှရင်ခုန်နေလေရဲ့ဖြစ်သင့်ရဲ့လားဗျာ. ရတုမိုးရှိန် မိန်းကလေးတွေကိုအထည်လဲသလိုတွဲခဲ့ဖူးပေမဲ့ဒီကောင်လေးနဲ့ပတ်သတ်တဲ့ကျွန်တော့်ရဲ့ခံစားချက်လေးကတစ်မျိုးလေးဗျာ...