part12/ပိုင်ဆိုင်လိုသောအတ္တ/

74 1 0
                                    

ရတုစာမေးပွဲသည်နှင့်စိုင်းခက်တို့သားအဖတစ်သိုက်ရတုအိမ်၌ မင်္ဂလာကိစ္စဆွေးနွေးရန်ရောက်လာ၏။ နှစ်ဖက်မိဘများပြုံးပျော်နေကာ ကာယကံရှင်နှစ်ဦးမှာလည်းပြုံးပျော်လျက်ပင်။ နှစ်ဖက်မိဘများမှာ အလွန်ပင်ပိတိပြုံးများဝေဆာလျက်ပင်.တစ်ဦး၏မိဘမှာသူတို့သားလေးအား ကောင်းကောင်းမွန်မွန်စောက်ရှောက်ပေ့မည့်သူနှင့်လက်ဆက်ပေးရလို့ပျော်ရွှင်နေသကဲ့သို့ တစ်ဦးမှာလည်း သူတို့၏သားအား အကျင့်စရိုက် အပြုအမူများပြောင်းလဲလာအောင် ပြုလုပ်ပေးနိုင်သည့်ထိုကောင်လေးနှင့်လက်ဆက်ပေးရသည်ကိုပြုံးပျော်၀မ်းသာလျက်ပင်။

"သား မေမေတို့ရက်မြတ်ရွေးပေးပြီးတာနဲ့ သားလေးကမေမေတို့မပိုင်တော့ဘူးနော် .."

"ဟောဗျာမေမေရာသားကအမြဲတမ်းမေမေတို့သားပါပဲ.."

"ဒါမဲ့မေမေတို့ကဘာမှပြောပိုင်ခွင့်မှသိပ်မရှိတော့ဘူးလေသားအမျိုးသားနဲ့သာသက်ဆိုင်တော့သာ သားရဲ့ သားမဆိုးရဘူးနော်သား မေမေစိတ်ချမယ်.."

"ဟုကဲ့ပါဗျာ သားကလိမ္မာပါ့မယ်မေမေရဲ့.."

လက်ပင်မထပ်ရသေးဘဲမှာနေသည့်မေမေမှာသူ့သားအားအလွန်ပင်စိတ်မချသည့်ပုံစံပင် ..မေမေမမှားပါဘူး မေမေကကောင်းစေချင်လို့မှာနေတာကျွန်တော်သိပါတယ် ကျွန်တော်အကာင်းဆုံး​ကြိုးစားရမှာပေါ့ဗျာ..

မိခင်တို့၏မေတ္တာတရာတိုင်းသူတို့သားလေးလက်ထပ်ပြီးရင်အဆင်ပြေအောင်နေစေချင်ကြတာပါပဲ အိမ်ထောင်တစ်ခုကိုထိန်းသိမ်းဖို့ငယ်ရွယ်လွန်းသောအတွက် မှာနေရသည်မှာများစွာပင်။မရင့်ကျက်သေးသောသားငယ်လေးမှာအဆင်မှပြေပါ့မည်လော။ စိုင်းခက်လေးကသားအပေါ်အလွန်ကောင်းသည်မှာတော့အမှန်ပင် ချစ်လွန်း၍အလိုလိုက်ထားလျှင်ပို၍ဆိုးလာမည်မှာအမှန် အမှားအမှန်မခွဲတတ် စိတ်ကိုသာအဓိကထားကာ ဆိုးရွားနေမည်မှာစိုးရိမ်လှသည်။မိခင်တစ်ဦးအဖို့သားသမီးအားစိုးရိမ်ကြောင်းပြောသည်မှာမလွန်ပင် သားသမီးအတွက်သာ အကယ်၍သားသူ့အမျိုးသားနောက်လိုက်သွားလျှင်ပို၍ပင်စိုးရိမ်ပူပန်ရသေး၏။

 My Possessive Bad GuyWhere stories live. Discover now