ကိုကိုဆိုတဲ့လူသားကို နာမည်သိ လိပ်စာသိ ဆိုင်တည်ရှိနေရာကိုသိကတည်းက သိယသိသာသာရော မသိမသာရော နောက်ပိုးပိုးခဲ့ပါတယ်.။စစတုန်းက ကိုကိုဆိုတဲ့လူသားက သူ့ကိုတွေ့တိုင်းမျက်မှောင်ကုတ်ကြည့်တတ်ပေမဲ့ တရက်နဲ့တရက်တွေ့ပါများခဲ့တော့ သူ့ကိုကြည်ကြည်သာသာပဲလက်ခံစကားပြောပြန်ခဲ့ပါတယ် ဒီလိုနဲ့ပဲ ကိုကို့ကိုဖွင့်ပြောခဲ့ပါတယ်..ကိုကိုဆိုတဲ့နာမ်စားကတော့ သူ့ရင်ထဲကရော အပြင်မှာပါလက်တွေ့ခေါ်တဲ့နာမ်စားလေးပေါ့..။
"ဟူးရင်တွေခုန်လိုက်တာ အရမ်းပဲ.."
"ပြောစရာရှိတယ်ဆို ပြောလေ ကိုယ်မအားဘူး.."
ကိုကိုဆိုတဲ့လူသားက အ့လိုမျိုးရယ်ပါ ပန်းဆိုင်တစ်ဆိုင်လူံးဖွင့်ထားတာတောင် ပန်းအမှာတွေကို နီးရင်နီးသလို သူကိုယ်တိုင်စက်ဘီးလေးနဲ့လိုက်ပို့တတ်ပါသည်..။
"အ့ဆို ပြော ပြောတော့မယ်နော် ဟူး...."
သူ့ကိုစိုက်ကြည့်နေတဲ့ကိုကို့အကြည့်တွေကြောင့် လူကခြေမခိုင်ချင်တော့ မနည်းအားကိုတင်းထားရပါတယ် ပီးနောက် ဖြစ်ချင်ရာဖြစ်သဘောပိုက်ကာ လက်သီးကိုတင်းနေအောင်ဆုပ်လိုက်ပီး..မျက်စိစုံမှိတ်ကာ။
"ကိုကို့ ကို အရမ်းချစ်တယ်.."
ထိုသို့ပြောပီး မျက်လုံးတွေကိုချက်ချင်းပြန်မဖွင့်ရဲပေ ခံစားချက်နဲနဲကောင်းလာတဲ့အငွေ့အသက်ကြောင့် မျက်လုံးတစ်ဖတ်ကိုအရင်ဖွင့်ကြည့်မိသည် ထိုတော့မှ သူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ ကိုကိုကြောင့်မျက်လုံးကိုပြန်မှိတ်ထားလိုက်ရသည်..။
"အဟွန့် အ့စကားက ကိုယ်အရင်ဖွင့်ပြောရမယ်ထင်နေတာ.."
ကြားလိုက်ရတဲ့ စကားကြောင့် ဂျီမင်း အံသြသွားကာ မျက်လုံးတွေဖွင့်မိသည် ကိုကို့ကိုကြည့်မိတော့ သူ့မျက်လုံးတွေကိုတည့်တည့်ကြည့်ကာ ပခုံးလေးကိုလာရောက်ဆုပ်ကိုင်တာကြောင့် ဂျီမင်း ပိုအံသြရပါသည်..။
"ဟုတ်တယ် မင်းကို ကိုယ်စတွေ့တုန်းက ကြည့်မရပေမဲ့ မင်းနဲ့ဒုတိယအခေါက်ဆုံတဲ့အချိန်တုန်းက ရင်ခုန်ခဲ့တာ နောက်တော့ မင်းရဲ့ ချစ်စရာအမူအရာလေးတွေ ကလေးလေးဆန်ဆန်ရိုးရိုးသားသားနေတတ်တဲ့ကောင်လေးမို့ ကိုယ်ချစ်ခဲ့တာထင်တယ်.."
YOU ARE READING
အက်ကွဲမှန်...💔💔💔
Fanfiction"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...