"ဘယ်လိုလည်း အတော်ပျော်ခဲ့ရဲ့လား.."
အိမ်ထဲကိုဝင်လိုက်တာနဲ့ အမှောင်ထုကကြိုဆိုနေသည်..။အမှောင်ထုကိုအသာကျတာနဲ့ ရှာကြည့်မိတော့ မီးစတစ်ခုကိုတွေ့လိုက်ရသည်။.ထိုမီးစရဲ့ပိုင်ရှင်ကဘယ်သူလည်းဆိုတာဂျီမင်းသိသည်..။တော်ယုံဆေးလိပ်မသောက်တတ်တဲ့ကိုကိုကခုဆေးလိပ်တွေကာတွေသောက်လို့ပါလား။
"ချောက်.."
မီးဖွင့်သံနဲ့အတူ တခန်းလုံးလင်းထိန်သွားရသည်..။အရင်ဆိူ သပ်သပ်ရပ်ရပ်ဖီးသင်ထားတဲ့ဆံပင်က ခုတော့ပွယောင်းနေသည်..။ဂျီမင်းကိုကိုနဲ့ရင်မဆိုင်ချင်သေးတာကြောင့် လှည့်ထွည့်ထွက်လာခဲ့သည်။
"အ့.."
"ငါမေးတာကိုဖြေ မင်းဘယ်ကပြန်လာ ဘယ်သူနဲ့ရှိနေခဲ့တာလည်း"
ဂရုမစိုက်သလိုလှည့်ထွက်သွားတဲ့ဂျီမင်းကြောင့် ယွန်းဂီသောက်လက်စဆေးလိပ်ကိုပြစ်ချကာခြေလှမ်းကြဲများနဲ့လျှောက်လာခဲ့သည် ပီးနောက် ဂျီမင်းလက်ကောက်ဝတ်လေးကို ဆွဲလှည့်ကာ ပခုံးသားတွေကိုဆုပ်ကိုင်လိုက်သည်.။
"မင်းဘယ်ခြေလှမ်းတွေလှမ်းနေလည်း ပတ်ဂျီမင်း မင်းဘာတွေလျှောက်လုပ်နေတာလည်း.."
ထိုစကားကြောင့် ဂျီမင်း ကိုကိုမသိအောင်ပြုံးလိုက်မိသည် ကိုကိုကသူ့ကိုစိတ်ပူနေတယ်ပေါ့...။
"နာတယ် လွှတ်"
"မလွတ်ဘူး ငါမေးတာကိုဖြေ မင်းဘာတွေလုပ်နေတာလည်း ဘယ်ခြေလှမ်းတွေလှမ်းနေတာလည်း အ့ဒီကြာကူလီကောင်ကရော ဘယ်ကကောင်လည်း.."
ကြာကူလီဆိုတဲ့စကားကြောင့် ဂျီမင်းနားထဲခါးသွားရသည် ။ဂျောင်ဂု လိုဖြူစင်တဲ့ကောင်လေးက သူ့ကြောင့်ခုလိုအပြောမခံနိုင်ပေ..။
"သူများ တစ်ဖတ်သားကိုကြာကူလီပြောရအောင် ကိုကို့အငယ်နှောင်းကရော ဘာလည်း ကာမပိုင်ရှိတဲ့လူတစ်ယောက်ကြာခိုနေတာကျ ဘယ်လို.ခေါ်လည်းဟမ်ကိုကိုပြောလေ ပြော.."
"မင်းဘာမှပြောဖို့မလိုဘူးပတ်ဂျီမင်း ငါပဲမှားခဲ့တာမင်းပြောချင်ငါ့ကိုပြော တခြားလူကို ဆွဲထည့်နေစရာမလိုဘူး"
YOU ARE READING
အက်ကွဲမှန်...💔💔💔
Fanfiction"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...