"ဗျာ!!!!!!"
ဂျောင်ဂု ကြားလိုက်ရတဲ့ စကားများကြောင့်သူ့နားကိုသူပင်မယုံနိုင်ဖြစ်နေရသည်။ ဂျီမင်းကိုသူစိုးရိမ်လွန်းအားကြီးတာမို့ ဆေးခန်းကိုမပြပဲဆေးရုံကိုသာခေါ်လိုက်ခဲ့သည်။ထိုဆေးရုံမှာသူနဲ့အသိဆရာဝန်တစ်ဦးရှိနေခြင်းကြောင့်လည်း အားကိုးပြီးလညခဲ့သည်။ဆေးရုံရောက်တာနဲ့ထိုဆရာဝန်ဆီမှာပဲ သူ့အရိပ်လေးကိုစစ်ဆေးစေလိုက်သည်။ ဆရာဝန်လုပ်ကိုင်စစ်ဆေးနေတာကိုဂျောင်ဂု ဒီအတိုင်း ရပ်ကြည့်ရင်း ဘာမှမဖြစ်ပါစေနဲ့လို့သာ စိတ်ထဲ၌ဆုတောင်းနေမိတယ်။ ထိုစဥ် ဆရာဝန်ကဘာမှမပြောပဲ သူ့နောက်လိုက်ခဲ့ပါဆိုတဲ့အရိပ်ယောင်ပြတာကြောင့် ဂျောင်ဂု လိုက်လာခဲ့မိခြင်း။ထိုဆရာဝန်ရဲ့ ကိုယ်ပိုင်အခန်းထဲရောက်တော့ခုံပေါ်ဖင်တောင်ချမထိုင်နိုင်သေး ကြားရတဲ့စကားကြောင့် လေပေါ်မှာတန့်သွားရသည်။
"မဟုတ်တာ ဆရာ ကျွန် ကျွန်တော့်ကိုမစပါနဲ့.."
"ဒီလိုကိစ္စမျိုးက စရမဲ့ကိစ္စမှမဟုတ်တာ ကျွန်တော်ကစ စရာလား..ခဗျားအမျိုးသားမှာ ကိုယ်ဝန်ရှိနေပါပြီ.."
"ဂျီ ဂျီမင်းကယောင်္ကျားလေးလေ သာမန် သာမန်မိန်းကလေးမှမဟုတ်တာ ဘယ်လို ဘယ်လိုလုပ်ကိုယ်ဝန်ဆောင်နိုင်ပါ့မလဲ ကျွန်တော့်ကို မစ ပါနဲ့.. "
"ဟင်းးးးးးခက်တယ်ကွယ် ဆရာကိုယ်တိုင်ပြောတာထပ် မောင်ရင်အမျိုးသားနိုးလာမှကိုယ်တိုင်ပေးကြည့်ပါတော့ တခုပြောချင်တာကတော့ ခေတ်မှီနေတိုးတတ်နေတဲ့နိုင်ငံတိုင်းမှာ ဆေးဝါးအပြည့်စုံနည်းပညာနဲ့ ဘာမဆိုဖြစ်နိုင်တာကိုတော့ မောင်ရင်မမေ့လိုက်ပါနဲ့..."
"ကျွန် ကျွန်တော် ရိုင်းပြသလိုဖြစ်သွားရင်တောင်းပန်ပါတယ်"
"ရပါတယ် ဆရာနားလည်ပါတယ် မောင့်ရင့်အမျိုးသားကိုသေချာOGနဲ့စစ်ဆေးကြည့်ပါ အဲအခါကျပိုတိကျတဲ့အဖြေရပါလိမ်မယ်.."
"ကျွန်တော့်အမျိုးသားအတွက် အန္တာရယ်ရှိနိုင်လားဆရာ "
"အမျိုးသားကိုယ်ဝန်ဆောင်ဖြစ်နေတဲ့အတွက်အန္တာရာယ်မရှိနိုင်ဖူးလို့မပြောနိုင်ပေမဲ့ သေချာစောင့်မယ်ဆို 90%အန္တာရယ် ကင်းပါတယ် မောင်ရင်စိတ်ပူနေတာကိုဆရာသိပါတယ် ဒါပေမဲ့ ဆေးဝါးနည်းပညာတွေတိုးတတ်နေတာမို့ စိတ်ကိုအေးအေးထားစေချင်တယ် ကဲကဲ မောင်ရင့်အမျိုးသား သတိရနေရင်မတွေ့လို့ရှာနေလိမ့်မယ် ပြန်သွားလိုက်ပါဦး နောက်ပြီးဆရာအကြံပေးချင်တာက ကိုယ်ဝန်ဆောင်နိုင်အောင်ခွဲစိတ်ပေးတဲ့ ဆရာဝန်ဆီသွားပါလို့အကြံပြုချင်တယ်.."
YOU ARE READING
အက်ကွဲမှန်...💔💔💔
Fanfiction"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...