"ဟင်.."
ယွန်းဂီ အိပ်နေရာမှ နိုးလာခဲ့သည် နာရီကိုကြည့်လိုက်တော့ မနက်၉နာရီတောင်ထိုးနေပီ.. ။
"ဟာ သွားပီ သွားပီကွာ ငါဘာလို့မေ့နေရတာလည်း.."
"ဟင်းးး..ဦးနိုးနေပီလား အစောကြီးရှိသေးတာမထနဲ့ဦး ထယ်နဲ့ပြန်အိပ်ဦး ထယ်လည်း အိပ်ရေးမဝသေးဘူး "
ယွန်းဂီ အိပ်ယာပေါ်ကဆင်းမလို့ခြုံထားတဲ့စောင်ကိုဖယ်ကာမှ သူ့ခါးထက်ကိုနူ့ညံ့တဲ့လက်တစ်စုံက လာရောက်ဖက်တွယ်လာသည်။
"ကောင်လေးပဲအိပ်ပါ ကိုယ်ကသွားစရာရှိသေးလို့ အိပ်ပြန်ရမယ်.."
"ဘယ်ကိုသွားမှာလည်း ဟင်ဦး ထယ်နဲ့နေပေးဦးလေ ထယ်ကဦးကိုအရမ်းလွမ်းနေတာ သိရဲ့လား "
"နောက်ကျ အချိန်အများကြီးထက်ပေးပါ့မယ်နော် မနေ့ကလည်းတူတူနေပေးပီးပီးလေနော် ကောင်လေးကလိမ်မာပါတယ် ကိုယ်အရေးကြီးကိစ္စလေးရှိနေလို့ အိမ်ပြန်မှဖြစ်မယ်.."
"ဦးညီလေး သွားခိုင်းလိုက်ပါလားဟင်နော် နော်.."
"ကောင်လေး ကိုယ်ကမလိမ်မာတဲ့ကလေးတွေကိုမချစ်ဘူးနော်.."
"ဟီးဟီး ထယ်က စတာပါ သွားစရာရှိတာသွားပါနော် ဒါပေမဲ့နောက်ကျရင် ထယ့်ကိုအချိန်အများကြီးပေူရမှာနော် ပီးတော့ ဦးရဲ့ညီလေးနဲ့လည်းမိတ်ဆက်ပေးရမှာနော်.."
ညီလေးဆိုတဲ့စကားကြားလိုက်တိုင်း ယွန်းဂီ မျက်နာမထားတတ်အောင်ပူရပါတယ် ဒီဖြူစင်လွန်းတဲ့ကောင်လေးကို အရမ်းချစ်ခဲ့မိလိူ့ သူ့မှားမှန်းသိတာတောင်ရှေ့ဆက်တိုးနေမိခဲ့တာ..။
"သေချာပေါက်ကို မိတ်ဆက်ပေးမယ်နော် ခုတော့ ကိုယ်နောက်ကျနေလို့ သွားတော့နော်"
"ဟုတ် အ့ဆို အနမ်းပေး"
"ဟုတ်ပါပီဗျာ "
စူထော်ပေးတဲ့အသည်းပုံနူတ်ခမ်းရဲရဲလေးကို ယွန်းဂီ တချက်နမ်းလိုက်ပီး အိပ်ယာထပ်ကဆင်းကာ အဝတ်စားများကိာအမြန်ဝတ်ဆင်လိုက်ရသည်..။ပီးတာနဲ့ကုတင်ဘေးကစားပွဲခုံမှာတင်ထားတဲ့ကားသော့ခ်ကိုယူခိုက်သည်..။
YOU ARE READING
အက်ကွဲမှန်...💔💔💔
Fanfic"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...