"ကျစ်ဖုန်းက ခုထိမကိုင်ပြန်ဘူးလား မောင့်အရိပ်လေးရယ် ဘယ်ချိန်ထိလူကိုပြစ်ထားဦးမှာလည်းကွာ"
ဂျောင်ဂုကိုင်သူမဲ့နေတဲ့ဖုန်းလေးကို ခနခနခေါ်နေမိသည်။သူတိူ့နှစ်ယောက်စည်းကျော်ပြီးတဲ့မနက်ကတည်းက သူ့ကိုတစ်ယောက်ထဲထားသွားခဲ့လို့ ဂျီမင်းကို ဖုန်းတွေတောက်လျှောက်ဆက်နေပေမဲ့ ခုချိန်ထိမကိုင်ခဲ့ပေ။သူ့ကိုများစိတ်နာသွားတာလားဆိုတဲ့အသိစိတ်ကြောင့်လည်း လူကရူးမတတ်ဖြစ်နေရသည်။
"ဂျီမင်းရေ ခနလောက်ဖြစ်ဖြစ်ဖုန်းကိုင်ပေးပါလားကွာ မောင့်အပြစ်တွေအတွက် မောင်မင်းကိုတာဝန်ယူပေးပါ့မယ် ဖုန်းကိုင်ပါကွာ.."
ဖုန်းတွေဆက်တိုင်ခေါ်ဆိုနေပေမဲ့ ကိုင်သူကမဲ့နေပြန်သည်။ စိတ်တွေရှုပ်ထွေးလာတာကြောင့် ဖုန်းဆက်မခေါ်တော့ပဲ စားပွဲပေါ်ပြစ်တင်လိုက်သည်။လူကတော့ ဆိုဖာပေါ်ကိုပက်လက်လန်လှဲချကာ နဖူးပေါ်လက်တင်ရင်း မျက်လုံးတို့မှိတ်လိုက်လေသည် ။
"ကင်မ်ထယ်ယောင်း မင်းဘယ်မှာလည်း ကင်မ်ထယ်ယောင်း"
မျက်လုံးမှိတ်တုန်းရှိသေး အိမ်ထဲကိုဒေါသတကြီး ထယ်ယောင်းနာမည်ကိုခေါ်ရင်းဝင်လာတဲ့အကိုကြီးကြောင့် ဂျောင်ဂုအိပ်နေရာမှဆက်ခနဲထ ထိုင်လိုက်ရသည်။အလုပ်ကိစ္စနဲ့အကိုကြီးအိမ်ပြန်မလာတာ မနေ့ကတည်းပင်။
"ချွမ်း ကင်မ်ထယ်ယောင်း ငါခေါ်နေတယ်ဆင်းလာခဲ့စမ်း"
ကားသော့ကိုစားပွဲပေါ်ပြင်တင်လိုက်ပြီး ခါးထောက်ကာ ထယ်ယောင်း
ကိုအော်ခေါ်နေတဲ့အကိုကြီးမျက်နာက စိတ်ဘယ်လောက်ထိတိုနေလည်းမသိ မျက်နာတပြင်လုံးရဲတွက်နေသည်။"ဟို ကို ကိုကြီး ထယ်ယောင်းမရှိဘူး"
ဂျောင်ဂုကြောက်ရဲရဲနဲ့ပြောလိုက်တဲ့စကားကြောင့် စူးရှနီရဲနေတဲ့ကိုကြီးမျက်လုံးတွေက သူ့ဆီကိုရောက်လာခဲ့သည် ။
"ဘာ!!!!မရှိရအောင်သူကဘယ်သွားနေလည်း ငါတစ်ရက်လေးအိမ်မရှိတာနဲ့ ဘယ်ကိုသွားနေတာလည်း ကင်မ်နမ်းဂျွန်ရေယဘယ်မလည်း"
YOU ARE READING
အက်ကွဲမှန်...💔💔💔
Fanfiction"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...