ဆေးရုံဝန်းရဲ့ အရိပ်ရသစ်ပင်အောက်ခုံတန်းလေးပေါ် မှာ နမ်းဂျွန်ပခုံးပေါ်ခေါင်းလေးမှီရင်း ဂျင်ငိုရှိုက်နေမိသည်။သူ့မျက်လုံးထဲမှာ ဆေးရုံအပေါ်ဆုံးထပ်အုတ်ဘောင်ပေါ်မှာမတ်တပ်ရပ်နေတဲ့ကောင်လေးကိုသာမြင်ယောင်နေသည်။ပြီးနောက် နောက်ကနေပွေ့လှဲချလိုက်တဲ့အရိပ်တစ်ခု။မိုက်လိုက်တဲ့ကောင်လေး အကယ်လို့များ ကယ်မဲ့သူမရှိခဲ့ရင်.....
ဂျင် ဆက်ပင်မတွေးနိုင်တော့ပဲ မျက်ရည်မိုးတို့သာစွေခဲ့လျှက်..။"မငိုပါနဲ့အချစ်ရယ် မငိုပါနဲ့နော် "
သူ့ပုံခုံးပေါ်မှီကာ ငိုရှိုက်နေတဲ့သူ့အချစ်လေးကြောင့် နမ်းဂျွန် ရင်ဘတ်တွေပါအောင့်လာရသည်။သူ့အချစ်လေးကိုအမြဲပျော်နေတာပဲမြင်ချင်ခဲ့တာ ။
"နမ်းဂျွန် ညီကလေ ညီကငါ့ထပ်ပိုချစ်တဲ့သူ့ကိုသူ့အသက်နဲ့ရင်းပြီးသက်သေပြသွားတာတဲ့ သူငါ့ကိုမုန်းတယ်လို့ပြောတယ် မင်းသိလားဂျွန်.ငါနာကျင်လိုက်ရတာအရမ်းပဲ ဒါပေမဲ့လေ ငါအပြစ်မယူပါဘူး ငါသူ့ကိုလေ အပြစ်လေးတစ်ခုတေင်မမြင်ခဲ့ပါဘူးငါစေတနာမေတ္တာတွေကိုနားမလည်သေးလိူ့ပဲငါအဆုံးထိတွေးထားခဲ့တာ ဒါပေမဲ့ အဲလိုမဟုတ်မှန်းငါသိလိုက်ရပြီ ငါ့ကိုမရွေးချယ်ပဲ အဆုံးထိမင်းယွန်းဂီကိုရွေးချယ်သွားတာ"
"ထယ်လေးက အချစ်ကိုမချစ်လို့မဟုတ်ပါဘူး ချစ်ပုံချစ်နည်းကွဲပြားသွားယုံပါ သူအလေးသာတဲ့အချစ်ကိုရွေးချယ်မိသွားတာပါ ဒါကိုအချစ်ကနားလည်ပေးရမယ်"
နမ်းဂျွန် ရင်ခွင်ထဲက ဂျင် မျက်နာနွမ်းနွမ်းလေးကိုငုံ့ကြည့်ရင်း စကားတို့ဆက်ဆိုလိုက်၏။
" အချစ်တို့ကိုယ်တို့လည်းငယ်ရာကျကြီးလာကျတဲ့သူတွေလေ ခုလိုအရွယ်လေးကအချစ်ကိုရူးသွပ်တဲ့အရွယ် အ့အချိန်အချစ်ကထိန်းချုပ်လိုက်တော့ သူလုပ်မိလုပ်ရာလုပ်မိသွားတာပါ အချစ်သူတို့လေးကိုသဘောတူကြည်ဖြူပေးလိုက်ပါတော့ အချစ်သာဆက်တင်းခံနေရင် ထယ်လေးကို အဝေးကနေပဲငေးကြည့်ရလိမ့်မယ် ကိုယ်ချစ်တဲ့ကိုယ့်ညီလေးကို အဝေးကိုတွန်းမပို့ပါနဲ့လား အချစ်ရယ်...အချစ်အတ္တကိုနည်းနည်းလျော့ကြည့်လိုက်ပါ အချစ်ရောထယ်လေးရော မခွဲမခွာအတူပျော်နိုင်မှာပါ.."
YOU ARE READING
အက်ကွဲမှန်...💔💔💔
Fanfiction"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...