ကားေသာ့ကိုဝှေ့ယမ်းရင်း ထယ် သူနဲ့ဦးအတူတူနေတဲ့ တိုက်အမြင့်ထပ်လေးဆီတတ်လာခဲ့သည်.။အေးအေးလူလူလမ်းလျှောက်ချင်တာကြောင့် ကြပ်ညှပ်နေတဲ့ စက်လှေခါးနဲ့မတတ်ပဲ ရိုးရိုးလှေခါးများကသာ တတ်လာခဲ့သည်.။ဒီနေ့ဦးနဲ့တွေ့ရတော့မည်ဆိုတဲ့အသိကြောင့် ထယ်ရင်တွေခုန်နေရသည်..။ဦးနဲ့ဘယ်လောက်ပဲအထိတွေ့တွေရှိနေပါစေ ဦးသူ့အနားကပ်တဲ့အချိန် သူဦးနားရောက်တဲ့အချိန် ခြေဖျားလက်ဖျားများက အေးစက်နေဆဲပင်..။သူတို့နေတဲ့အထပ်က လေးထပ်မြှောက်မှာရှိတာမို့ ထိုအထပ်ကိုရောက်တာနဲ့ တိုက်ခန်းလေးဆီကို ခပ်သုတ်သုတ်လျှောက်လာလာခဲ့မိသည်..။တိုက်ခန်းရှေ့ရောက်တော့ အခန်းကပုံပျက်နေတာကြောင့် ထယ်စိုးရိမ်စိတ်တွေချက်ချင်းဖြသ်လာရသည်..။"ဦးများရောက်နေတာလား"
တွေးကြည့်ပေမဲ့မဖြစ်နိုင်ဘူးပဲအဖြေထွက်နေတာကြောင့် ခေါင်းကိုသာခါရမ်းပီး အပေါက်သော့က်ု သတိနဲ့ဖွင့်လိုက်သည်..။
"ဦးသာရောက်နေရင် ငါ့ဆီကိုဖုန်းဆက်မှာပဲ ဒါဆိုအထဲမှာဘယ်သူများရောက်နေတာပါလိမ့်.."
ဘာဂျာတံခါးသော့ပွင့်တာနဲ့အထဲတံခါးကိုဖွင့်ရန်လက်ကရောက်သည်..။တံခါးပွင့်တာနဲ့ အထဲကိုသတိရှိရှိနဲ့တဖြေးဖြေးတိုးဝင်လာခဲ့သည်..။
"ဂလပ်"
"ဘာလည်း"
အိပ်ခန်းထဲက လှုပ်ရှားသံတစ်ခုကြောင့် ထယ်လန့်ဖျန့်သွားရသည်..။လန့်ပေမဲ့လည်း အိမ်ထဲလူဝင်နေတာလားဆိုတဲ့အသိက ထိန်းမရသိချင်နေသည်..။အိပ်ခန်းဘက်ကိုဦးတည်ကာ လျှောက်နေစဥ်နံရံမှာအလှချိတ်ထားတဲ့ သမင်ဦးချိုကိုဆွဲယူကာသတိနဲ့အိပ်ခန်းဆီကိုဝင်ခဲ့သည်..။အခန်းတံခါးကအလွယ်တကူဖွင့်ဝင်လို့ရတာကြောင့် လက်မှာကိုင်ထားတဲ့သမင်ချိုကိုတင်းအောင်ကိုင်ထားမိပြန်သည်..။
"ရှပ် ရှပ်"
သူ့နောက်ကျောမှာလှုပ်ရှားသံတွေကြားနေပေမဲ့ ထယ်ယောင်းလှည့်မကြည့်ရဲ..။သရဲဆိုအသေကြောက်တတ်တဲ့သူ့အဖို့ ချွေးတွေပြန်လာရသည်။မျက်လုံးကိုတင်းနေအောင်မှိတ်ကာ နောက်လှည့်ဖို့အပြင်..။
YOU ARE READING
အက်ကွဲမှန်...💔💔💔
Fanfiction"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...