ကြားလိုက်ရတဲ့စကားများကဂျီမင်းနားထဲဗုံးတစ်လုံပေါက်ကွဲသွားသလိုကျယ်လောင်သွားရသည်..။မွေ့ယာပေါ်ထွက်ကျသွားတဲ့ဖုန်းကိုသရဲတစ္ဆေလို့ကြည့်ကာ ခေါင်းခါငြင်းဆန်နေမိသည် စိတ်ကိုခနမျှငြိမ်အောင် မျက်လုံးတွေမှိတ်ချထားလိုက်သည်..။တုန်ယင်လာတဲ့လက်တွေနဲ့ ကျနေတဲ့ဖုန်းကိုကောက်ကိုင်ကာ ကိုကို့ဆီကိုဖုန်းပြန်ဆက်လိုက်သည်..။"မကွာပေးနိုင်ဘူး လုံးဝမကွာပေးနိုင်ဘူးကိိုကို"
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ.."
"အားးးဘာလည်း ဘာလို့ဖုန်းကစက်ပိတ်သွားရတာလည်း.."
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင် "
"အား မရဘူး စက်ဖွင့်စက်ပြန်ဖွင့် မကောင်းတဲ့ကောင်ကြီးရဲ့"
ဂျီမင်းတစ်ယောက်ထဲအရူးတဟ်ယောက်လို့ ဖုန်းတွေဆက်တိုက်ခေါ်နေမိသည်..။ကတုန်ကယင်လက်များကို နူတ်ခမ်းနဲ့ကိုက်နေမိသည်..။နူတ်မှလည်းစကားတွေတတွတ်တွတ်ပြောနေမိပြန်သည်။
"အချိန်တွေပေးခဲ့တာ ထားခဲ့ခံရဖို့မှမဟုတ်တာ ဘာလို့များ ဘာလို့များ ရက်စက်နိုင်ရတာလည်းကိုကိုရယ် ကိုကိုဘယ်လောက်ပဲကျွန်တော်နဲ့ကွာချင်ကွာချင် ကျွန်တေည်ကတော့လုံးဝမကွာပေးဘူးကိုကို ကျွန်တော်ကလွဲပြီးတခြားဘယ်သူနဲ့မှပျော်ခွင့်မပေးဘူး ကျွန်တော်အတ္တကြီးပါရစေကိုကို.."
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်.."
"အား သွားကွာ ဒေါက် ခွမ်း.."
စက်မရတဲ့ဖုန်းကိုထပ်ခါထပ်ခါခေါ်နေမိပြီး မရတာကြောင့် ဂျီမင်းစိတ်တွေဘယ်လိုမှထိန်းချုပ်နိုင်စွမ်းမရှိတော့ လက်ထဲကဖုန်းကို နံရံနဲ့ပြစ်ပေါက်ခွဲလိုက်သည်..။နံရံနဲ့အချိန်ပြင်းစွာထိခပ်သွားတဲ့ဖုန်းလေးက ကြမ်းပြင်ပေါ်ကိုပြန်အကျမှာ ကွဲကြေသွားလေသည် ။ထိုမျှနဲ့အားမရ အခန်းထဲရှိပစ္စည်များကိုတွန်းချပြစ်ခွဲနေပြန်သည်..။
"အား သွားစမ်း သွား သွား ခွမ်း ဝုန်း မကွာပေးဘူး မင်းယွန်ဂီခဗျားကိုလုံးဝမကွာပေးဘူး အားးးးး"
YOU ARE READING
အက်ကွဲမှန်...💔💔💔
أدب الهواة"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...