နက်နက်ရှိုင်းရှိုင်းနမ်းနေမိကျသည်မှာ အချိန်တွေအတော်ပင်ကြာခဲ့သည်။ဗိုက်သားချပ်ချပ်ပေါ် ကျရောက်လာတဲ့ လက်တစ်ဖတ်ကြောင့် ဂျီမင်း အသိစိတ်တွေပြန်ဝင်လာခဲ့ရသည်..။
"ဟင့်အင်း.ဟင့်အင်း.. "
ဒီလိုအခြေနေသည်ဘယ်ကိုဦးတည်နေမှန်းသိတဲ့ဂျီမင်း ထိုအခြေနေကိုအရောက်ခံလို့မဖြစ်..သူကအိမ်ထောင်ရှိတဲ့လူတစ်ယောက်..သူ့အတွက်ဒီလိုအရာကမထူးဆန်းပေမဲ့ ဒီကောင်လေးကအရမ်းကိုသန့်စင်လွန်းတာကြောင့် ဒီနွံထဲကိုအရောက်ခံလို့မဖြစ်..။
"ဟင့်အင်း မလုပ်နဲ့ ဟင့်အင်း မလုပ်ပါနဲ့.."
ဗိုက်သားကနေ တဖြေးဖြေးလျောဆင်းကာ တင်သားပေါ်ကိုကျလာတဲ့လက်ကြောင့် ဂျီမင်းထိုလက်ကိုဆွဲဖမ်းထားလိုက်သည်...။ဂျောင်ဂု အတားဆီးခံလိုက်ရတာကြောင့် ညှပ်ရိုးလေးမှာခိုနာနေတဲ့သူ့အနမ်းတွေရပ်တန့်ကာ သူ့ရင်ခွင်အောက်မှာရှိနေတဲ့လူကိုငုံ့ကြည့်မိသည်..။ထိုတော့မှာ မျက်ဝန်းကြည်ကြည်လေးတွေက အရည်လဲ့ကာသူ့ကိုခေါင်းခါငြင်းဆန်နေတဲ့ သူ့အရိပ်လေးကြောင့် ဂျောင်ဂု အသိစိတ်တွေဝင်လာရသည်..။သူမှားသွားတာပဲ သူလုံးဝကိုမှားသွားခဲ့တာပဲ မူးနေတဲ့လူကိုသူအခွင့်ရေးယူသလိုဖြစ်နေခဲ့ပြီ..။
"sorry sorry ဂျီမင်း ကျွန်တော်ကျွန်တော် အသိစိတ်လွတ်သွားခဲ့လို့ပါ ကျွန်တော် တောင်းပန်ပါတယ်.."
"ဟင့်အင်း ရတယ် ခုငါအိမ်ပြန်ချင်တယ် ငါ့ကိုအိမ်ပြန်ပို့ပေးပါလားဂျောင်ဂု.."
"အွန်း ရတယ်လေ ကျွန်တော်ပြန်ပို့ပေးပါ့မယ်.."
သူနဲ့မျက်လုံးချင်မဆိုင်ပဲအိမ်ပြန်ပို့ခိုင်းနေတဲ့သူ့ရဲ့အရိပ်လေးကြောင့် ဂျောင်ဂု ရင်ထဲစိုးရိမ်စိတ်ဝင်လာရသည်..။သူအခွင့်ရေးယူသလိုများဖြစ်ခဲ့တာလားဆိုတဲ့စိတ်က သူ့ရင်ထဲအမျိုးအမည်မသိခံစားလိုက်ရသည်..။
"သွားရအောင်လေ ဂျီမင်း... "
"ဟွန် အွန်းပြန်ရအောင် ငါ့ကိုသူငယ်ချင်းအိမ်ပဲလိုက်ပို့ပေးနော်ဂျောင်ဂု.."
"အွန်း "
မျက်နာလေးငယ်သွားတဲ့ကောင်လေးကြောင့်ဂျီမင်းရင်ထဲမကောင်းဖြစ်သွားရသည်..။ရိုးသားဖြူစင်လွန်းတဲ့ကောင်လေးက ခုဖြစ်သွားတဲ့ကိစ္စမှာသေချာပေါက်သူ့ကိုသူအပြစ်တင်နေတော့မှာ..။ဂျီမင်းသူ့ရှေ့ကအရင်ထွက်သွားမို့ပြင်နေတဲ့ကောင်လေးလက်ကိုလှမ်းဆွဲကာ..။
YOU ARE READING
အက်ကွဲမှန်...💔💔💔
Fanfiction"ကျကွဲသွားတဲ့ငါ့နှလုံးသားကမှန်တစ်ချပ်လိုပဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ ဘယ်လောက်ပဲမှန်ကွဲစတွေကိုပြန်ဆက်ဆက် အကောင်းတိုင်းတော့ပြန်မရနိုင်ဘူးမလား ငါအကြောက်ဆုံးကလည်းအ့ဒီဆက်ရာတွေပဲ ဆက်ရာတွေတခါထိမိတိုင်းအချစ်ကိုကြောက်တယ်.." PARK JIMIN.. "ဒဏ်ရာရနေတဲ့ခ...