"ညှစ်ထားငါ့တူမ အားစိုက် အားစိုက်ပြီးညှစ်ထား ကလေးကခေါင်းမြင်နေရပြီအေ့...""မရတော့ဘူး အရီးပု သမီး သမီးနာလို့သေတော့မယ်"
ရေနံသုတ်လိမ်းထားတဲ့ သစ်သားအိမ် အခန်းကျဉ်းလေးထဲမှာ မွေးခါနီးကိုယ်ဝန်ဆောင်သည် အမျိုးသမီးကို ရွာမှာရှိတဲ့တက်ကျွမ်းနားလည်တဲ့ လက်သည်နဲ့အရီးပုဆိုတဲ့အဖွားအိုက ကလေးမွေးရဖွားရလွယ်အောင် ကူညီပေးနေကြတယ်
"ကလေးကမွေးတော့မှာ သမီးရဲ့ နည်းနည်းလေးပဲ နည်းနည်းလေးပဲအားထပ်စိုက်လိုက်ပါ သမီးရယ် ခဏနေရင် သမီးရဲ့ ကလေး,လေးကို မြင်ရတော့မှာလေ နည်းနည်းပဲ အားထပ်စိုက်ပြီးညှစ်လိုက်"
ထိုအမျိုးသမီးလဲ ချွေးတွေတလုံးလုံးနဲ့ ရွှဲရွှဲ
စိုနေတဲ့ကြားက ရှိသမျှအားအင်တွေအကုန်လုံးနဲ့ညှစ်လိုက်တော့ ထိုအခန်းငယ်လေးထဲ ကလေးငယ်ငိုသံစူးစူးလေးက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့တယ်"သားလေး သားလေးမွေးတယ် ခင်နှောင်း နင်နဲ့တရုပ်တည်းပဲ"
"ဟုတ်ပါ့အေ..."
လက်သည်မိန်းမကြီးပြောတဲ့စကားကို အရီးလေးပုက ဟုတ်တယ်ဆိုသည့်သဘောနှင့် ကလေးကို ပိုက်ရင်းပြောလာခဲ့တယ် ခင်နှောင်းကတော့ မောလို့ထင်ပါရဲ့ အသက်ဖြေးဖြေးလေးရှူရင်းမှိန်းနေခဲ့တယ်
"ခဏသက်သောင့်သက်သာနေလိုက်ဦးနော် အရီး ညည်းမောင်ကို ကလေးသွားပြလိုက်ဦးမယ်"
သော်ကမောင်တယောက် အိမ်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေခဲ့တာ အကြိမ်ရေလဲမနည်းတော့ အမဖြစ်သူ ကိုစိတ်ပူပြီး အင်္ဂုလိမာလသုတ်ရွတ်နေတာလဲ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ အစီစဉ်တကျကိုမရွတ်နိုင်တော့ပဲ အစပိုင်းလေးတင်ပတ်လည်ရိုက်နေခဲ့တယ် အဲ့ဒီ့အချိန်မှာပဲ အမဖြစ်သူမီးဖွားရာ အခန်းထဲကနေ ကလေးငိုသံစူးစူးဝါးဝါးထွက်လာခဲ့တော့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ သူရဲ့ခန္တာကိုယ်ဟာ မတ်ကနဲဖြစ်သွားတယ် အချိန်အနည်းငယ်ကြာသည်အထိ အိမ်အရှေ့မျက်နှာစာမှာ တောင့်တောင့်ကြီးရပ်နေခဲ့မိတယ် ခဏအကြာမှ သတိပြန်ဝင်ပြီး ဝမ်းသာအားရနဲ့ အိမ်ပေါ်ပြေးတက်မလို့လုပ်တော့ အရီးပုက ပုဆိုးအနှီးလေးနဲ့ ထုပ်ထားတဲ့ ကလေး,လေးကိုချီလာတယ်
YOU ARE READING
မောင့်နှလုံးသားထဲကလက်ပံနီတစ်ပွင့်
Fanfictionတောရွာဆန်ဆန်ficလေးကိုဖန်တီးထားပါတယ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဖန်တီးသွားမှာမို့ အတူလိုက်ပါပေးကြပါဦးနော်