"ဟွန်း...သော်ကမောင်တို့များနော် တက်ကြွနေလိုက်တာများ ရေချိုးပြင်ဆင်နေတာမပြီးတော့ဘူး ဒီလိုနဲ့ကလေး နောက်ကျတော့မှာပဲ"
အရီးပုက အကြမ်းရည်ထည့်ထားတဲ့ပန်းကန်လုံးကိုကိုင်ရင်း သော်ကမောင်အိမ်ဘက်စောင်းကြည့်ကာပြောလာတော့
"ပြီးပါပြီဗျာ...အရီးပုမဟုတ်လို့လေ"
အိမ်ပေါ်ကနေဆင်းလာတဲ့ သော်ကမောင်က တီရှပ်လက်ရှည်အဖြူကို တံတောင်ဆစ်ထိခေါက်တင်ထားပြီး ယောပုဆိုးအနီကွက်လေးနဲ့တွဲဝတ်ထားတာ... သူကအသားညိုသည်ဘက်သွားသည်မို့ သိပ်မလိုက်ပေမဲ့ ကြည့်တော့ကောင်းသည်။
"မင်းပြင်လို့ဆင်လို့မပြီးတာ ငါနဲ့ဘယ်လိုများသွားပတ်သတ်နေမိတာတုန်း"
"အရီးပုကြောင့်လေ အရီးပုသာဝသုန့်ကိုသွားကြိုမယ်ဆို ကျုပ်ဒီချိန်အေးဆေးလယ်ထဲမှာနှပ်နေလို့ရတယ်"
"မဆိုင်ပါဘူးသော်ကမောင်ရယ် ခါတိုင်းငါမသွားနိုင်တဲ့အခါတွေဆို မင်းယာထဲကနေ ကတိုက်ကရိုက်တက်လာပြီး မင်းတူကိုသွားကြိုရတာပဲမဟုတ်ဘူးလား မင်းခြေထောက်တောင်ဆေးလို့လား အခုနဲ့များကွာပါ့ ကြည့်ပါ့လား မင်းသားရှုံးလောက်တယ်"
အရီးပုကသူ့တစ်ကိုယ်လုံးကို စုန်ဆန်ကြည့်ကာ ပြောတော့ သော်ကမောင်မလုံမလဲဖြစ်သွားကာ
"အဟမ်း...ဒါတော့ ဒါပေါ့ဗျာ"
"ဘာကို ဒါတော့ဒါပေါ့လဲ သော်ကမောင်မင်းအပြောင်းအလဲသိပ်မြန်တာပဲ"
"အရီးပုကလဲ... ဘာကိုအပြောင်းအလဲမြန်ရမှာလဲ ကျုပ်သွားတော့မယ် နောက်ကျနေပြီ"
ပြောပြီးခပ်သုတ်သုတ်ထွက်သွားသူကိုအရီးပုကြည့်ပြီး ပြုံးရင်း ကျန်ခဲ့သည်။
~~~~~~~
သော်ကမောင် ကျောင်းနားရောက်ခါနီးတော့ ကျောင်းတံခါးဝမှာ သူ့တူနဲ့ညိုရောင်မှိုင်းဆိုတဲ့ ဆရာမလေးအတူတွဲထွက်လာတာကိုတွေ့သည်။ အနောက်မှာလဲနှင်းမြနဲ့ ဟိုကောင်ငနဲတိက,ကပါလာသည်။ ဒီကောင်လုပ်စရာရှိလို့ဆိုပြီး အိမ်ကိုအတင်းပြန်သွားတာ ဒီကိုလာဖို့လား တကယ်မလွယ်တဲ့ကောင်ပဲ
![](https://img.wattpad.com/cover/360052928-288-k776188.jpg)
YOU ARE READING
မောင့်နှလုံးသားထဲကလက်ပံနီတစ်ပွင့်
Fanficတောရွာဆန်ဆန်ficလေးကိုဖန်တီးထားပါတယ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဖန်တီးသွားမှာမို့ အတူလိုက်ပါပေးကြပါဦးနော်