Part-2(Unicode)

257 13 0
                                    


၅နှစ်ကြာသော်.....

"ဦးဖေ! ဦးဖေဒီကိုခဏလာပါဦးဗျ သားပြောစရာရှိလို့"

ဝသုန်ကျောင်းမှပြန်ရောက်ရောက်ချင်း လွယ်အိတ်ကိုအိမ်ရှေ့ ကွပ်ပြစ်ပေါ်ပစ်တင်ကာ အမောတကောနဲ့ သော်ကမောင်ကိုလှမ်းခေါ်တော့ သော်က,က ထမင်းစားနေရင်းတမ်းလမ်းနဲ့ ထမင်းဇလုံကိုင်ကာ မီးဖိုချောင်ထဲမှထွက်လာရင်း အိမ်ပေါက်ဝမှာငုတ်တုတ်ထိုင်ကာ ပါးစပ်ထဲမှာလဲ ပလုပ်ပလောင်းနဲ့

"ဘာပြောမလို့လဲ မင်းအခုမှကျောင်းကပြန်ရောက်တာအမောလေးဘာလေး ဖြေပါဦး"

"ဟင့်အင်း ကျောင်းကဆရာကြီးကပြောလိုက်တယ် မနက်ဖြန်ရွာကို ဆရာမအသစ်လာမှာတဲ့ သားတို့ကိုသင်မှာလို့ပြောတယ် ဟီး... ပျော်စရာကြီး"

သော်ကမောင်ကသူ့ရှေ့မှာပျော်နေတဲ့ သူ့တူကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ

"ဆရာမအသစ်လာတာပျော်စရာလား အထူးအဆန်းလုပ်လို့ အရင်တုန်းကလဲလာနေတာပဲမဟုတ်ဘူးလား"

"မဟုတ်ဘူးဗျ အခုကမြို့ကလာမှာတဲ့"

"ဘာ!!"

သော်ကအော်လိုက်တာကြောင့် ဝသုန်လန့်သွားကာ

"လန့်လိုက်တာဦးဖေရာ..သားလိပ်ပြာလေးအဝေးကိုလွင့်သွားပြီလားမသိဘူး လိပ်ပြာလေး ပြန်လာ ပြန်လာ ဝသုန့်ဆီကိုပြန်လာ"

သော်ကအာရုံတွေကအတိတ်ဆီပြန်လွှင့်နေတုန်း သူ့ရှေ့ကချစ်စရာကောင်းတဲ့ တူချောလေးရဲ့အပြုအမူကြောင့် မျက်စိစုံမှိတ်ကာ ခေါင်းတစ်ချက်ရမ်းပြီး ပြုံးမိသည်။ အတိတ်တွေကနာကြည်းစရာကောင်းလို့ပြန်မတွေးမိအောင်ကြိုးစားရဦးမည်။

"ဒါနဲ့ဦးဖေဘာဟင်းနဲ့စားနေတာလဲ"

"ဆိတ်သားဟင်း"

သော်ကမောင်က ဇလုံထဲကသူစားလက်စ အသားတစ်တုံးကိုင်မြှောက်ကာပြောလာတော့ ဝသုန့်မှာငိုမဲ့မဲ့ဖြင့်

"ဦး ဦးဖေ ပန်းလေးကိုသက်စားလိုက်တာလားဟင်"

"ဟုတ်တယ် ငါဟင်းကောင်းမစားရတာကြာနေလို့ ချိုနေရောပဲ"

သော်ကမောင်က အရိုးကိုအသံမြည်အောင်ထိစုပ်ပြတော့ ဝသုန်ဦးမျက်နှာမဲ့ရွဲ့ကာအော်ငိုတော့သည်။

မောင့်နှလုံးသားထဲကလက်ပံနီတစ်ပွင့်Where stories live. Discover now