"ဒါခင်ဗျားနေရမဲ့အိမ်ပဲ"ညိုကသစ်သားခြေတံရှည်အိမ်လေးကို စူးစိုက်ပြီးကြည့်နေတော့
"ခင်ဗျား အိမ်ကိုတော့ဂျီးများလို့မရဘူး ဒီအိမ်ကနယ်ဝေးကလာတဲ့ဆရာမတွေအစဥ်အဆက်နေသွားခဲ့တဲ့အိမ် ခင်ဗျားမနေနိုင်ရင်ပြန်လို့ရတယ်"
"ညိုနေနိုင်ပါတယ်"
"နေနိုင်ရင်ပြီးတာပဲ ခင်ဗျားလာမယ်ဆိုလို့ ရွာထဲကကောင်မလေးတွေကို သူကြီးကသန့်ရှင်းရေးလုပ်ထားခိုင်းပေမဲ့ မသန့်ရှင်းဘူးထင်ရင် ကိုယ့်ဘာသာကိုယ်အဆင်ပြေသလိုလုပ်လိုက် ပစ္စည်းတွေကိုဒီအခန်းထဲမှာထားခဲ့မယ်"
"ဟုတ်ကဲ့"
သော်ကသွားသည့်နောက်ကိုညိုကထပ်ကြပ်မကွာလိုက်ကာ သော်ကပြောတာတွေကိုနားထောင်ရင်းခေါင်းတစ်ငြိမ့်ငြိမ့်နဲ့မှတ်နေလေသည်။
"ဒါကမီးဖိုချောင် ခင်ဗျားလိုတာကိုလမ်းထိပ်မှာထွက်ဝယ်လို့ရတယ်"
"ဟုတ်...ဟိုလေညိုရေချိုးရင်ဘယ်မှာချိုးရမှာလဲဟင်"
"ဟိုးမှာ...အဲ့မှာချိုးလို့ရတယ်"
သော်ကလက်ညှိုးထိုးပြရာကြည့်လိုက်တော့ အစိမ်းရောင်ဝါတာဘလူးတွေကိုပတ်ချာလည်အပြည့်ပတ်ထားတဲ့နေရာလေး ဒါကိုမြင်မှညိုနည်းနည်းစိတ်သက်သာရာရသွားကာ သက်ပြင်းခိုးချမိသည်။ ဒါမှသူရေချိုးရင်လူမမြင်ရမှာ
"ခင်ဗျားအကုန်နားလည်ပြီဆိုကျုပ်သွားတော့မယ်"
"ဟုတ်ကဲ့ ညို့ကိုအခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
လူကသာမျက်နှာကြောတင်းတင်းနဲ့ဆိုပေမဲ့သူကိုယ့်ကိုတစ်ခုချင်းအသေးစိတ်လိုက်ပြောပြပေးတော့ သူ့ရဲ့နူးညံ့မှုကိုနည်းနည်းခံစားမိသလို ကျေးဇူးတင်မိတော့ ဘုကလန့်ပြန်မပြောသလို ရပါတယ်ဆိုတဲ့စကားတစ်ခွန်းလဲပြန်မပြောခဲ့ပါ။
ညိုသူမရှိတော့ဘူးဆိုမှ အခန်းထဲဝင်ကာပစ္စည်းတွေကိုသူ့နေရာနဲ့သူချပြီးမှန်ရှေ့ထိုင်လိုက်သည်။ မှန်ထဲမှာပေါ်နေတဲ့သူ့ပုံရိပ်ကိုသူကြည့်ကာ တစ်ဖြည်းဖြည်းပြုံးရင်းနောက်ဆုံးပခုံးတွေလှုပ်သည်အထိရယ်သည်။ ပြီးတော့တနေရာကိုဖုန်းနဲ့vc callခေါ်လိုက်သည်။ တစ်ဖက်လူကဖုန်းကိုင်သည်နှင့်သူ့ကိုကြည့်ပြီးရယ်သည်။

YOU ARE READING
မောင့်နှလုံးသားထဲကလက်ပံနီတစ်ပွင့်
Fiksi Penggemarတောရွာဆန်ဆန်ficလေးကိုဖန်တီးထားပါတယ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဖန်တီးသွားမှာမို့ အတူလိုက်ပါပေးကြပါဦးနော်