"ဦးဖေ...!!"သော်ကမောင်က ညို့ကိုခေါ်ပြီး အိမ်ဘက်ကိုတစ်ခါက်ပြန်လှည့်လာခဲ့သည်။ ခြံထဲရောက်တော့ဝသုန်ကသော်ကကိုပြေးကာဖက်လိုက်သည်။
"ဘာလို့ပြေးလာတာလဲ ချော်လဲဦးမယ်...အရီးပုဝသုန့်ကိုကျုပ်ပဲခေါ်သွားလိုက်မယ် သူ့ကိုလိုက်ပို့ရင်းနဲ့ ဒီနေ့တော့အရီးပုလိုက်ပို့မနေနဲ့တော့"
"အေးအေး ဒါနဲ့ဒါလေးကမြို့ကဆရာမလေးဆိုတာလား"
"ဟုတ်တယ်အရီးပု"
"ချစ်စရာလေးပဲ လှလဲလှပါ့အေ"
ညို့ကိုမိန်းကလေးတစ်ယောက်လိုမြင်ပြီး ဒီလိုအပြောခံရတာပထမဦးဆုံးမို့ ညို့မှာဘာပြန်ပြောရမလဲမသိဖြစ်နေကာ ရှက်ပြုံးလေးသာပြုံးနေသည်။
"အရီးနာမည်ကဒေါ်ပုမ ရွာထဲကလူတွေကတော့အရီးလေးပုလို့ခေါ်ကြတယ် မိန်းကလေးလဲအဲ့လိုခေါ်ချင်ခေါ်လေ"
"ဟုတ်ကဲ့ ညိုမှတ်ထားလိုက်ပါ့မယ်"
"နာမည်လေးကညိုတဲ့လား"
"ဟုတ်...ညိုရောင်မှိုင်းပါ"
"ရုပ်လေးကလဲလှ နာမည်လေးကလဲလှ လိုက်ဖက်ပါပေတယ်"
"အဟွန်း...အရီးပုကျုပ်တို့သွားတော့မယ် ကျောင်းနောက်ကျနေမှာဆိုးလို့"
"အေးကွယ့်...သွားကြ သွားကြ"
"ဒါဆို ညိုတို့သွားလိုက်ပါဦးမယ်နော်"
"အေးအေး အရီးပုလဲနောက်မှ မိန်းကလေးဆီသက်သက်လာခဲ့မယ်"
"ဟုတ်ကဲ့"
ညိုစိတ်ထဲကြည်နူးမိသည်။တစ်ဆက်
တည်းအားနာစိတ်လဲဝင်မိသည်။"အဲ့ဒါကျုပ်အိမ် ခင်ဗျားကျုပ်ကိုတွေ့ချင်ရင်လာရှာလို့ရတယ်"
"ဟင်.."
သူ့စကားကြောင့်ညို့မှာအံ့အားသင့်သွားရသည်။ ညိုကဘာကိစ္စသူ့ကိုတွေ့ချင်ရမှာလဲ
"ကျုပ်ပြောတာ ခင်ဗျားအကူအညီလိုလို့ကျုပ်ကိုတွေ့ချင်ရင် လာရှာလို့ရတယ်ပြောတာ"
"အင်း"
"ဦးဖေ..."
"ပြောလေ ဝသုန်"
YOU ARE READING
မောင့်နှလုံးသားထဲကလက်ပံနီတစ်ပွင့်
Fanfictionတောရွာဆန်ဆန်ficလေးကိုဖန်တီးထားပါတယ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဖန်တီးသွားမှာမို့ အတူလိုက်ပါပေးကြပါဦးနော်