" အဲ့ကောင် ဘယ်ရောက်သွားတာလဲ ......
လိုက်ရှာကြလေ ငတံုးတွေရ "ကျောင်းဝတ်စံုဝတ်ထားတဲ့ လူငယ်လေးငါးယောက်
လောက်က အသည်းအသန်လူတစ်ယောက်နောက်ကို
လိုက်နေကြတာ .....
အနောက်ကလူအုပ်စုလိုက် လိုက်လာတာတောင်
ပြေးနေရင်း သူကအပြံုးတစ်ချက်မပျက်ဘူး .....
ပြေးရတာမောလာပြီ ..... နီးစပ်ရာ ဆိုင်တစ်ဆိုင်ထဲကို
ပြေးဝင်လိုက်််မိတယ်
မနက်အစောကြီးမို့လို့လားပဲ .... ဆိုင်ကမဖွင့်သေးပေ
မယ့် တံခါးက ဖွင့်ထားလို့တော်သေးတာပေါ့" ဘယ် ..... ဘယ်သူလဲ "
ဟင် ...... ကျောင်းဝတ်စံုအတူတူပဲ
သူက ငါ့ကျောင်းကပဲပေါ့ ......" အာ ..... ဆောရီး ..... ခဏဒီမှာပုန်းလို့ရတယ်
မလား "
" ဟင် .... "
သူစိမ်းတစ်ယောက်က ဘာလို့ရင်းရင်းနှီးနှီးစကား
ပြောနေရတာလဲ ..... အပူပင်မရှိတဲ့ မျက်နှာနဲ့" အဲ့ကောင်ဒီနားမှာပဲနေမှာ သေချာရှာကြ !!! "
အူကြောင်ကြောင်နဲ့ ငါထိုင်ပုန်းနေတဲ့နေရာကိုဆက်
တိုက်ကြည့်နေတာ
ဟိုကောင်တွေ မိသွားရင် ပြသနာပဲ .....
မတ်တပ်ရပ်ကြည့်နေတဲ့ သူ့လက်ကိုဆွဲချတာနဲ့
ဘေးနားကို စွေ့ခနဲရောက်လာတာပဲ" ရှူး ..... မလှုပ်နဲ့နော် "
ကိုမသိတဲ့သူတစ်ယောက်နဲ့ နီးကပ်နေရတာ ဒါပထမ
ဆံုးပဲ .....
ဘာပါလိမ့် .... ဒီမျက်နှာက
တကယ်ပူပင်မှုမရှိ လွတ်လပ်ပျော်ရွှင်နေတဲ့မျက်နှာ" သူတို့သွားလောက်ပြီထင်တယ် .... စိတ်ချရ
အောင် ခဏတော့ထိုင်ဦးမယ်နော် "အသိတစ်ယောက်လို စကားတွေပြောနေလဲ ....
ကျွန်တော့်လိုလူအတွက်တော့ အနေခက်တယ်" မင်း ... နဲ့ငါ ကျောင်းအတူတူပဲ ....
ဘယ်အတန်းလဲ မင်း ... "ဘယ်လောက်ပြောပြော သူ့ဖက်ကစကားပြန်မလာဘူး
လက်ထဲကကိုင်ထားတဲ့စာအုပ် ....တပ်ထားတဲ့မျက်မှန်
ပံုတံုးတဲ့လွယ်အိတ်နဲ့ ပံုစံကအစ
တကယ် စာကြမ်းပိုးမဟုတ်ရင် .... ငတံုးပဲ