Part 5

139 12 1
                                    

         " တစ်ခွက်ထပ်ပေး !!!!! "

မူးမူးနဲ့ တစ်ခွက်ပြီးတစ်ခွက်မှာသောက်နေတာ .....

         " ဟေး .... မင်းကငယ်ငယ်လေးနဲ့  ဘားမှာလုပ်
နေတာ ငါ .... ရဲတိုင်လိုက်ရမလား "

ဘားမှာညဆိုင်းဆင်းတော့ ဒီလိုမူးပြီးရစ်တဲ့ လူတွေ
အများကြီးမြင်ဖူးတာ မဆန်းတော့ဘူး

" မင်းလဲငါ့ကိုလျစ်လျူရှုတာလား ... အတူတူပဲ
ငါ့အဖေနဲ့ .... ငါ့အဖေကလေ ငါ့ကိုချစ်တယ် အချစ်ဆံုး အဲ့လိုပြောပြီး နောက်မိန်းမကို ချစ်ပြနေတာ "
" ဧည့်သည်မူးနေပြီထင်တယ် ..... ကားပါလား
ယာဉ်မောင်းခေါ်ပေးရမလား ..... "
  " ငါ .. မမူးပါဘူး "

ခြေထောက်တောင်မတ်မတ်မရပ်နိုင်ပဲ .....

" သွားပြီ .... ကောင်လေး "

ယိုင်နဲ့နဲ့နဲ့ ထွက်သွားတာတော့မြင်လိုက်တာပဲ ......
ပိုင်ရှင်ကအလုပ်ဆင်းလို့ရပြီဆိုတာနဲ့ ... လွယ်အိတ်ကို
ယူပြီးထွကိလာပေမယ့် အဲ့မိန်းကလေးက
တံခါးဝမှာ မူးပြီးထိုင်နေတာပဲ ......
သူ့ဘာသာ မူးမူး လျစ်လျူရှုပြီးထွက်သွားဖို့ ပြင်လိုက်
ပေမယ့် ဒီနေရာက မကောငိးတဲ့ကောင်တွေများတာပဲ

" ဒီမှာ ..... ဒိမှာ "

မျက်လံုးတောင်မပွင့်နိုင်အောင် မူးနေတာ ....
တကယ်ပါပဲ .... အိမ်ပြန်ဖို့လဲနောက်ကျနေပြီ
ထားခဲ့လို့လဲ မဖြစ်ပြန်ဘူး ......

" ထပါ ..... ဒီနားကဟိုတယ်အခန်းတစ်ခုခုမှာ
ချပေးခဲ့မယ် "

အတင်းဆွဲထူပြီး သူ့ကိုကုန်းပိုးပြီးလျှောက်ခဲ့ရတယ်
အသိမကပ်တော့ပေမယ့် ငိုနေတယ် ....

" မုန်းတယ် .... အဖေ့ကိုရော အားလံုးကိုရော "

နောက်နေ့ဆိုင်မှာအလုပ်လာဆင်းတော့လဲ ... သူ့ကို
ထပ်တွေ့ပြန်တယ်
ဒီနေ့တော့အကောင်းပကတိမို့တော်သေးတာပေါ့

" ဟေး .... ညကအတွက်ကျေးဇူးနော် .... "
" မဖြစ်သင့်တာမဖြစ်ရအောင်ပါ "
" ကျေးဇူးတင်လို့ တစ်ခုခုဝယ်လာခဲ့တယ် "

လက်ဆောင်အိတ်တစ်အိတ်ကို စားပွဲပေါ်တင်လိုက်
တယ် ...

" ပြန်ယူသွားပါ ...... "
" ဘာလို့လဲ .... ငါကကျေးဇူးဆပ်ချင်တာကို
ဖွင့်ကြည့်လိုက် မြန်မြန် "

တကယ်ပါပဲ ... သူဌေးရောက်လာပြီ
ငါတော့အဆူခံရတော့မှာပဲ

Dear My Ex Where stories live. Discover now