" ဘယ်သူလဲ .... "
ပထမဆံုးအကြိမ် သူမေးလာတဲ့ ထူးဆန်းတဲ့မေးခွန်း
" ဘာလို့လဲ .... ခေါင်းမူးနေသေးတာလား
မမှတ်မိဘူးလား .... သေချာကြည့်ပါ ကျွန်မလေ
FernFern "သူတကယ်မမှတ်မိတဲ့ မျက်လံုးတွေနဲ့ကြည့်နေခဲ့တာ
" ဆရာ .... သူဘာဖြစ်တာလဲ မူမမှန်ဘူးလေ "
" သူ့ရဲ့ဦးနှောက်က အရမ်းစိတ်အားထက်သန်
စွာမေ့ပြစ်ချင်တဲ့ အပိုင်းတွေ မေ့သွားတာပါ ....
တစ်နည်းပြောရရင် ရုတ်တရက်ထိခိုက်မှုကြောင့်
ဖြစ်လာတဲ့ ဆိုးကျိုးပါ "
" အတိတ်မေ့နေတယ်လို့ ပြောချင်တာလား "သူ့အခန်းကိုပြန်လာတဲ့တစ်လျှောက်လံုး .... အတွေးတွေများနေခဲ့တာ
သူကလူသစ်တစ်ယောက်လို ဖြစ်နေတာတဲ့လား
အတိတ်မေ့သွားတာတဲ့လား .....
ဒါက ဘုရားကငါ့အတွက်ပေးလိုက်တဲ့ လက်ဆောင်ပဲ" နိုးနေတာလား .... အသီးတွေဝယ်လာတယ် "
" ကျွန်တော်ကဘယ်သူလဲ .... မင်းကရော
ဘယ်သူလဲ "
" အင်း.... အခုရှင်ကထိခိုက်မှုကြောင့်
နည်းနည်း အတိတ်ကိုမေ့ပျောက်နေတာ ... မကြာခင်
ကောင်းလာမှာလို့ ဆရာကပြောပါတယ်
ဒါကြောင့် အသီးလေးစားလိုက်နော် "ခွံ့ကျွေးတဲ့ပန်းသီးကို သူစားလိုက်တာမြင်ရတာကအစ
ပျော်ဖို့ကောင်းတယ်" ကျွန်တော်တို့က ... ဘယ်လိုပတ်သတ်တာလဲ "
" သိချင်တာလား ..... "သူခေါင်းညိမ့်ပြတာနဲ့ သူ့လက်နှစ်ဖက်လံုးကိုသေချာ
ဆုပ်ကိုင်လိုကိတယ်" ရှင့်ရဲ့ တစ်ဦးထဲသောသူလေ .... ရှင်ကျွန်မကို
အရမ်းချစ်တာလေ ... ဘယ်လိုလုပ်ကျွန်မကိုမေ့နိုင်ရ
တာလဲ "သိတယ် .... အဲ့အချိန်ပြံုးနေခဲ့ပေမယ့် ငါ့ကိုယ်ငါ
လိမ်ညာနေတာကို သိတယ်
သူကငါ့အပိုင်မဟုတ်တာကိုလဲ သိတယ်
သိနေခဲ့တာ .... အလိုလို
ဒါကြောင့် ရင်နာရတယ် ....." အင်း .... ရှင့်အမေကဆံုးပါးသွားပြီ "
" အမေ့ကို ငါကအရမ်းချစ်ခဲ့တာလား "သူ့ကိုပိုင်ဆိုင်ချင်ရုံသက်သက် လိမ်ညာခဲ့တာမဟုတ်
ဘူး
သူ့ကိုထပ်ပြီးမပင်ပန်းစေချင်တော့တဲ့ ဆန္ဒ
အတိတ်ကအခက်အခဲအားလံုးနဲ့ မပင်ပန်းစေချင်
တော့တဲ့ ဆန္ဒ .... အဲ့အရာတွေလဲပါတယ်
ချမ်းသာခြင်း ... ပျော်ရွှင်ခြင်း ဆိုတဲ့ကောင်းသော
အရာတွေ ခံစားစေချင်တယ်
