" P Fern !!!!! "
လောလောနဲ့ထွက်သွားတဲ့ အမနောက်ကိုအတင်း
လိုက်ခဲ့ရတယ်" ဘာဖြစ်လို့ အဲ့လောက်အော်နေတာလဲ "
" ဟိုလေ .... Perth ကို "
" သူကငါ့လူပါ .... လေးစားသမှုနဲ့ခေါ်ပေးလို့
ရမလား "စိတ်ထဲတော့ ထင့်ခနဲဖြစ်သွားပေမယ့် P Fern က
လက်ရှိစိတ်ဆိုးနေတဲ့အနေအထားဆိုတော့ စကား
ပြောတာရင့်သီးချင်ရင့်သီးနေမှာပေါ့" ဟုတိကဲ့ .... P Perth ကို အဲ့အဝတ်အစား
ကျွန်တော်ဆင်ပေးလိုက်တာပါ ... သူရွေးရခက်နေလို့
ကူညီရုံလေး .... "
" နောက်ဆို .... Perth ရဲ့ကိစ္စတွေမှာဝင်ပါဖို့
မလိုဘူး .... ပြီးတော့ ရုံးမှာဆိုငါကမင်းအမမဟုတ်
ဘူး အထက်လူကြီးအနေနဲ့ ဆက်ဆံပါ "ချက်ချင်း P Fern ကလှည့်ထွက်သွားခဲ့တယ် .....
" ဟေး !!!!! "
Perth ပါလား .... ဘာလိုက်လုပ်တာလဲ
" ဘယ်လိုလဲ .... မင်းအမတော်တော်စိတ်တို
နေလား .... "
" အဲ့လောက်ထိ .... မဟုတ်လောက်ပါဘူး
ဒါနဲ့ သိချင်တာလေးရှိလို့ မေးလို့ရမလား ..... "Perth ကအေးဆေးပေါ့ပေါ့ပါးပါး ခေါင်းညိမ့်ပြခဲ့
တယ်" ချစ်လား .... ကျွန်တော့်အမကို "
သူ့အကြည့်တွေက တစ်မျိုးပြောင်းသွားခဲ့တယ်
ဒီမေးခွန်းကိုဖြေဖို့ သူအဲ့လောက်ခက်ခဲနေတာလား
အကြာကြီးကို စဉ်းစားတွေးတောနေတယ် ...." ဒါပေါ့ .... ချစ်လို့လဲ ... အကြာကြီး အတူတူရှိ
ခဲ့တာပေါ့ "
" အာ ...... ဒါနဲ့ .... အမေကရော P Fern ကို
ကောင်းကောင်းသိမှာပေါ့နော် ချစ်မှာပဲနော် "
" အမေလား .... ငါ့အမေကဆံုးသွားပြီ
၅ နှစ်လောက်ကြာပြီ "ခဏလောက်ဆွံ့အသွားခဲ့တယ် .... အမေက ဆံုးသွား
ပြီတဲ့လား ..... ဘယ်တုန်းကလဲ" ဒါနဲ့ ငါမင်းကို အဲ့အကြောင်းတွေထိပါ ပြောပြ
နေမ်ိတာပဲ ..... သွားလိုက်ဦးမယ်
မင်းအမ ဒေါသအိုးကို သွားချော့လိုက်ဦးမယ် "သူထွက်သွားတာတောင်မသိလိုက်နိုင်အောင် .....
အတွေးတွေနဲ့ကျန်နေခဲ့တယ် ......