" ဘယ်နှစ်ရက်ကြာမှာလဲ .... စာချုပ်ကိစ္စက "
" ၄ ရက်လောက်ကြာနိုင်ပါတယ် ...... "အခန်းထဲဝင်လာတဲ့ကောင်လေးကိုတွေ့တာနဲ့ ပြံုးလိုက်မိတယ်
" ဘာတွေပြောနေကြတာလဲ ..... "
" ရောက်လာပြီလား .... ရှင့်ရဲ့ Fan Meeting
အတွက် ကျွန်မမလိုက်နိုင်ဘူးထင်တယ် ..... "
" ဘာလို့လဲ ..... မြန်မာကဘုရားသွားကြည့်ချင်
တယ်ဆို "
" အရေးကြီးစာချုပ်ကိစ္စကြောင့် .... ၄ ရက်
လောက်ခရီးသွားဖို့ဖြစ်လာတယ် .... မီသေးရင်တော့
ချက်ချင်းလိုက်လာမှာပါ "
" အင်းပေါ့ .... ဘယ်တတ်နိုင်မလဲ
ဘယ်တော့သွားမှာလဲ .... လေဆိပ်လိုက်ပို့ပေးမယ် "
" မနက်ဖြန်မနက်ပိုင်း ...... "P Fern ခရီးထွက်သွားရတယ်ဆိုတဲ့အသံက ကျွန်တော့်ကိုတုန်လှုပ်ချောက်ချားစေခဲ့တယ်
" P Fern .... ကျွန်တော်အမနဲ့လိုက်လာလို့မရဘူး
လား "
" ဘာလို့လဲ .... မရဘူးလေ "
" ကျွန်တော် ...... ကျွန်တော်က "
" P Chon ကိုကြောက်နေတာလား .... ဘယ်အချိန်ထိမင်းရှောင်ပြေးနေမှာလဲ .... "ဒါပေမယ့် Chimon ရုပ်ကတော်တော်ကိုကြောက်လန့်
နေတဲ့ရုပ်နဲ့ ....." ယောကျာ်းလေးဖြစ်ပြီး အဲ့လောက်ကြောက်နေ
ရင်အဆင်မပြေဘူး .... လံုးဝအဆင်မပြေရင်လဲ
သူငယ်ချင်းတစ်ယောက်ယောက်အိမ်ခဏသွားနေပေါ့"သူငယ်ချင်း .... သူငယ်ချင်းတဲ့လား
ငါ့မှာသူငယ်ချင်းမှမရှိတာ ..... Perth ပဲရှိခဲ့တာ
ဘဝမှာ အရင်းနှီးဆံုးသူစိမ်းက သူပဲရှိခဲ့တာ .....
အလုပ်ကနေ အိမ်ကိုဘယ်လိုပြန်ရမလဲဆိုတဲ့အတွေး
ကလွဲရင် တွေးလို့မရခဲ့ဘူး .....
အတွေးတွေနယ်ချဲ့ရင်း လမ်းကိုဖြည်းဖြည်းချင်း
လျှောက်လာရတယ်" ဟေ့ ...... "
Perth ပဲ ..... Perth ကိုမြင်တိုင်းနာကျင်မှုကိုခံစားနေရ
တယ်" ပြန်တောင်မနှုတ်ဆက်ပါလား ငြိမ်လှချည်
လား .... "
" မဟုတ်ပါဘူး .... P Fern ကိုလိုက်ပို့ပြီးပြန်လာ
တာလား "
" ဟုတ်တယ် .... ငါလဲနောက်နေ့ခရီးသွားရမှာလေ "
" အာ ..... ဟိုလေ တစ်ခုလောက်အကူညီတောင်း
လို့ရမလား "
" ပြောလေ ..... "
![](https://img.wattpad.com/cover/360076506-288-k793187.jpg)