ဘဝမှာအပင်ပန်းရဆံုး အချိန်ကိုပြောပါဆိုရင်
သူမိုးရေတွေစိုရွှဲပြီး အခန်းကိုရောက်လာတဲ့နေ့ကစ
တယ်လို့ပြောရမလား ....." Perth .... "
မိုးရေတွေစိုရွှဲပြီး တုန်ရီနေတဲ့ သူ့ကိုမြင်လိုက်ရတာ
ရင်ဘတ်ထဲမှာ မုန်တိုင်းဝင်ခတ်လိုက်သလိုပဲ
ဖြူဖွေးနေတဲ့သူ့ပါးက နီရဲနေတာ ....." ဘယ်သူရိုက်တာလဲ .... ဖြေလေ "
" အကိုကြီး .... ဒါပေမယ့် ကျွန်တော်အဆင်ပြေပါ
တယ် .... အဲ့လောက်မနာပါဘူး "
" ဘာကိုမနာတာလဲ ... ဒီလောက်နီရဲနေတာ "ကျွန်တော်တို့နှစ်ယောက်လံုးက နာကျင်မှုပေါင်းစံုကို ချစ်ခြင်းတရားနဲ့ ပြန်ပြီးထွေးပွေ့ပေးခဲ့ကြတာ
ငိုနေခဲ့ပေမယ့် ရီမောနေကြတုန်းပဲ
ဒါပေမယ့် အိမ်မက်နဲ့လက်တွေ့က ခြားနားတယ်မလား
အိမ်မက်လို စိတ်ကူးလို ဘယ်အရာမှမလွယ်ကူဘူးလေ
ထင်ခဲ့မိတာက အတူနေရင်ပျော်ရမယ်လို့လေ .....
ဒါပေမယ့် ပင်ပန်းမှုတွေက စုပံုလာတဲ့အခါ ...
နာကျင်ရတာ များလာခဲ့တယ်" မင်းဒီလောက်တောင်အသံုးမကျတာလား
ဟင် .... ဒါလေးတောင်အချိန်မီ မပို့နိုင်ဘူးလား !!!! "
" ကျောင်းသားဆိုလဲ အလုပ်မရှာနဲ့ ..... အလုပ်
ထဲကို အာရုံမရှိပဲ .... မင်းထွက်တော့ !!!! "နေ့တိုင်းလိုလို ကျွန်တော်ပြောနေခဲ့ရတာက
" တောင်းပန်ပါတယ် .... တောင်းပန်ပါတယ် "
အကြိမ်ကြိမ်ရေရွတ်ခဲ့ရတာ ....." Perth .... ပင်ပန်းနေတာလား
နောက်လအဆောင်ခကို ကျွန်တော်ပေးလို့ရမလား "
" မင်းပိုက်ဆံမရှိပဲ ..... "
" ဒါလေး ရောင်းလိုက်ရအောင် .... "သူ့လက်ပေါ်က လက်စွပ်ကိုညွှန်ပြခဲ့တယ် .....
ပထမဆံုးအကြိမ် .... ဒေါသထွက်ခဲ့မိတာ" Chimon .... ငါမင်းကိုဒီမှာနေခိုင်းထားတာက
မင်းက ငါ့ချစ်သူမို့လို့ ... ငါမင်းပစ္စည်းတွေကိုမက်
မောလို့ မဟုတ်ဘူး "
" ဘယ်လိုပြောလိုက်တာလဲ .... သိလို့ .... Perth
ရဲ့စိတ်ကိုသိသလို Perth ပင်ပန်းနေတာလဲ သိလို့
ချစ်သူဆို.... အတူတူရှင်သန်ရမှာ "
" တော်တော့ .... မင်းထပ်မပြောနဲ့ "