အမြဲတမ်း တစ်ယောက်ထဲထမင်းစားရတာ
နေသားကျနေခဲ့တာ .....
သူငယ်ချင်းဆိုတာမရှိတဲ့ ဘဝမှာနေတာကြာလာတော့
အထီးကျန်တယ်ဆိုတာ တော်တော်ကျင့်သားရနေတာ
ဒါပေမယ့် အဲ့အချိန်မှာတော့ ဆန်းကြယ်ခဲ့တဲ့အရာဖြစ်
လာခဲ့တယ်
သူက ကျွန်တော့်ရဲ့မျက်နှာချင်းဆိုင်ထိုင်ခံုမှာထိုင်
ပြီး ပြံုးပြခဲ့တယ်
ပြီးတော့ ဘာပြောခဲ့လဲသိလား ......" ငါမင်းနဲ့ ထမင်းအတူစားလို့ရလား .... "
တစ်ခါမှမကြားခဲ့ဖူးတဲ့အသံ .....
ကြင်ကြင်နာနာနဲ့ကို သူပြံုးတဲ့အပြံုးကလှနေတာ" မင်းအမြဲတမ်းတစ်ယောက်ထဲ စားတယ်နော်
အော် .... ဒါနဲ့ သခွါးသီးကဘာလို့ဖယ်ထားတာလဲ "မပြောမဆိုနဲ့ ချက်ချင်း ကျွန်တော့်ပန်းကန်ထဲက
သခွါးသီးတွေကိုယူပြီး အားရပါးရကိုက်စားနေတာ
သိချင်စိတ်ကပြင်းပြလာခဲ့ပေမယ့် .... ချက်ချင်းရင်း
ရင်းနှီးနှီးစကားပြောဖို့ကို ကြောက်ရွံ့နေခဲ့တယ်" ဟေး ..... ထိုင်မယ်နော် "
နေ့တိုင်းနေ့တိုင်း .... သူကျွန်တော်ရှေ့လာခဲ့တယ်
တဖြည်းဖြည်းနဲ့ သူ့ရဲ့ဟာသတွေကလဲ ကျွန်တော့်ကို
ပါရီတတ်အောင်သင်ပေးခဲ့တယ် ...." ဒါနဲ့လေ .... ဘာလို့ ကျွန်တော့်ကို ရင်းရင်းနှီးနှီး
ဆက်ဆံတာလဲ "
" ဟင် .... ဘာလို့လဲ ဆက်ဆံလို့မရဘူးလား "
" မဟုတ်ဘူး .... မဟုတ်ပါဘူး
ဒီတိုင်း ... ကျောင်းကလူတွေက ကျွန်တော့်ကိုသဘော
မကျလို့လေ "
" ဟုတ်လား .... ငါတော့မင်းကိုသဘောကျတယ် "မသိမသာခုန်လိုက်တဲ့ ရင်ခုန်နှုန်းက အဲ့ကစတင်ခဲ့တာ
ကျွန်တော် သူ့ကိုအရင်သဘောကျခဲ့တာဖြစ်မယ် ....." စောလှချည်လား .... အတူသွားကြမယ် "
ကျောင်းရှေ့မှာတွေ့တိုင်း ကျွန်တော့်ပခံုးပေါ်လက်
တင်ပြီး သက်တောင့်သက်သာ နေတယ် .....
" အိပ်ချင်လာပြီ .... သန့်ရှင်းရေး လုပ်ရတာ
ပျင်းလာပြီ "သူအိပ်ချင်တိုင်း အားရပါးရ ကျွန်တော့်ပေါင်ပေါ်
အိပ်ချင်လဲ အိပ်ချလိုက်တာပဲ
နွေရာသီဆို အချင်းချင်း ပခံုးဖက်သွားလာပြီး
မိုးရာသီဆို အမြဲထီးမယူလာတဲ့သူက ကျွန်တော့်ထီး
ကိုအတူလာဆောင်းတတ်ပြီး
ဆောင်းရာသီဆို လက်တွေနွေးနေအောင် ကျွန်တော့်
အနွေးထည်အိတ်ကပ်ထဲတောင် သူ့လက်ကိုလာလာ
ထည့်ထားတတ်တယ်
ခင်မင်လာတာကြာတာတောင် ကျွန်တော်တို့စိတ်က
သန့်ရှင်းခဲ့ကြတယ်
တစ်ယောက်အကြောင်းလဲ တစ်ယောက်မမေးဖြစ်
မပြောဖြစ်ကြဘူး
ဒါပေမယ့် နှလံုးသားချင်းတော့နီးစပ်ခဲ့ကြတယ်
![](https://img.wattpad.com/cover/360076506-288-k793187.jpg)