လိုက်ကာကိုဆွဲဖွင့်လိုက်တဲ့ အလင်းရောင်က မျက်လံုးထဲ ဆူးခနဲဖြာထွက်သွားတာ ......
" ထတော့ .... ထ .... မြန်မြန်လေး Perth "
မန်နေဂျာရဲ့ အသံကအတော်ကိုအလောကြီးနေတာ
" မဂ္ဂဇင်းအတွက်ရိုက်ကွင်းရှိတယ်လေ .....
မြန်မြန်ထတော့ ...... "တစ်နေ့လံုးအတွက်အိပ်ချိန်က ပံုမှန်မရှိဘူး
အမြဲတမ်း ရိုက်ကူးရေးတွေနဲ့အလုပ်ရှုပ်နေခဲ့ရတာ .....
အများဆံုး ကားပေါ်မှာပဲအိပ်မောကျသွားတဲ့အထိ
အသက် ၂၆ နှစ်နဲ့ ကျွန်တော်က အလုပ်များတဲ့ အဆိုတော်သရုပ်ဆောင်ဖြစ်နေပြီ ...." မဂ်လာပါရှင့် ...... "
" မဂ်လာပါ Perth Tanapon ပါ ...... "
" ဒီတစ်ခါ ထွက်မယ့်အယ်ဘမ် လေးအကြောင်း
ပြောပြပေးပါဦး "
" ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင်ရေးစပ်ထားတဲ့
သီချင်းက Title အနေနဲ့ပါလာမှာပါ ..... ထွက်လာမှ
အားပေးပြီး နားထောင်ပေးကြပါ "
" အိုး .... သီချင်းနာမည်လေးကလှလိုက်တာ
ငါတို့ရဲ့နွေဦး ...... ဒီလိုနာမည်မျိုးက အချစ်ဦးလို
အဓိပ္ပာယ်နဲ့လိုက်ဖက်တတ်တယ်နော် .....
ရည်ရွယ်ချက်ရှိရှိပေးထားတာလား ... အချစ်ဦးကို
လွမ်းလို့ဖြစ်ဖြစ် ..... ရည်းစားအတွက်ဖြစ်ဖြစ် "ဒီမေးခွန်းကို ကျွန်တော်ပြံုးပြံုးလေးပဲပြန်ဖြေပေး
ခဲ့တယ် ......" အချစ်ဦး ..... မဟုတ်ပါဘူး
ဒီအတိုင်း သီချင်းနဲ့လိုက်ဖက်တာလေးပဲ ပေးဖြစ်လိုက်တာပါ "အမြဲတမ်း ကျွန်တော်အရှောင်ဆံုးမေးခွန်းဖြစ်လိမ့်
မယ် ....
အချစ်ဦးဆိုတာကိုမေ့ပြစ်ထားချင်ပြီမို့လို့လေ .....
ဘယ်တော့မှ ပြန်မလွမ်းမယ့် ပံုပြင်တစ်ခုလိုထား
ပြစ်ခဲ့ချင်ပြီ မို့လေ ....." ဟေး ..... Chimon စာကြည့်တိုက်သွားကြ
ရအောင် "
" ငါတို့နောက်နှစ်ဆိုကျောင်းပြီးတော့မှာ ....
မင်းဘာဆက်လုပ်မလဲ အလုပ်လျှောက်တော့မှာလား "
" အင်း .... အဲ့လိုဖြစ်မယ်ထင်တယ် "
" မင်းနိုင်ငံကိုမပြန်တော့ဘူးလား ..... "ခဏတာတွေဝေမှုအဆံုးသတ်မှာ ပြန်ဖြေခဲ့တဲ့
စကားတစ်ခွန်းကတော့ ......