ချစ်ရပါသောချစ်ဇနီး /သူငယ်ချင်းလေး🖤 အပိုင်း(၂)
"အသွင် နင် ဒီနေ့လာတာ ကိုသော်တာလည်းမပါလာပါလား"
ရှိန်းနှင့် မလာချင်၍ တစ်ယောက်တည်း ထွက်လာပါတယ်ဆို ရှိန်းအကြောင်းလာပြောတဲ့ သူမရဲ့ သူငယ်ချင်း *နွယ်ဒါလီ* ကြောင့် သူ မျက်နှာလေးရှုံ့လိုက်ကာ...
"ဟဲ့ ငါလာတိုင်း သူပါရမှာလား သူနဲ့ငါနဲ့က ရင်ချင်းဆက်တို့ ဖင်ချင်းဆက် တို့မှမဟုတ်တာ"
"ဟားဟား....နင်ဟာလေ အဲ့လို ပေါက်ကရလေးဆယ်တွေ အရမ်းပြောတတ်တာဘဲ ခါတိုင်းဆို နင်လာတိုင်းသူပါလို့မေးတာလေဟယ်"
သူပြောတာလည်းဟုတ်လှသည် သူသွားသည့်နေရာတိုင်း ရှိန်းက အမြဲ လိုက်ကူပေးတတ်သည်...
လိုက်ကူပေးတယ်ဆိုတာထက် ကပ်ဖားရပ်ဖား စားသောက်ချင်လို့က ခပ်များများ....."ကော်ဖီအေး တစ်ခွက်ဗျ"
အသံလေးက အစ ကြည်လင်ပြီး ကိုယ်ရနံ့လေးက မွှေးနေတာမို့ အသွင် ဘေးကိုကြည့်လိုက်တော့...
အရပ်က ရှည်တယ်ဆိုပေမယ့် ရှိန်းလောက်တော့မရှည်ပေ...
သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး ဆံပင်ကေတွက အစ အရမ်းလူကြီးဆန်လှသည်..တကယ့်ယောက်ျားပီသတဲ့ ပုံစံမျိုး...
အသွင် အကြာကြီး ငေးကြည့်နေမိလေသည်....ထိုသူမှသူ့ကို ပြန်ကြည့်လာတာမို့ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် အချိန်အတော်အကြာကြည့်နေမိလေသည်...
"အကိုမှာထားတဲ့ ကော်ဖီအေး ရပါပြီရှင့်"
ဒါလီကော်ဖီခွက်လာချမှ အသိဝင်သွားကြကာ အကြည့်ချင်းဆုံတာ ရပ်လိုက်ကြလေသည်...
ထို ဆိုင်မှအကိုထွက်သွားမှ အသွင် ဒါလီနား အပြေးသွားလိုက်ကာ...
"ဒါလီ အဲ့ဒီအကိုက နင့်ဆိုင် အမြဲတမ်းလာတာလား"
"အေ့ ဟုတ်တယ် ငါဆိုင်ဖွင့်ကတည်းက လာသောက်တာ နင် အခုမှမြင်တာလား"
"အေ့လို့ အရင်က ဟိုကောင်အရှုပ်ထုတ်နဲ့ အတူတူလာတာဆိုတော့ ငါက ဘေးကို အာရုံမရဘူးလေ ဒီနေ့မှ သတိထားမိတာ အဲ့ အကိုက အရမ်းချောတာဘဲဟယ်"
"ချောတာတွေ လုပ်မနေနဲ့ဦးနော် ဟိုက မိန်းမတွေ ကလေးတွေရှိနေမှဒူးနဲ့ မျက်ရည်သုတ်နေရမယ်"
"အာ မရှိလောက်ပါဘူး ငါသိတယ်"
"အယ် နင်က ဘယ်လိုသိ"
"ငါ့ဖူးစာစောင့်နတ်က ပြောတာ ဟီး ဟီး"
"ဟယ် ရူးနေပါပြီ"
YOU ARE READING
ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)
Romance"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့တာလေ... ကိုက မင်းရဲ့ အရာရာတိုင်းကိုလက်ခံနိုင်တယ်... ဖြည့်ဆည်းပေးချင်တယ်... " warning🔞 ပါပါသည်