Part-5

3.9K 63 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း(၅)

မပြင်းသော နေရောင်လေးက အသွင့် မျက်နှာလေးပေါ်သို့ကျလာတာမို့ အသွင်နိုးလာရလေသည်...ပန်းရနံ့တွေ နှာခေါင်းထဲ ဝင်လာတာမို့ မနက်တိုင်း နိုးထလာတာနှင့် လန်းဆန်းမည့် ခံစားချက်မျိုး....
သို့သော် အသွင်မပျော်နိုင် ....
မျက်လုံးလေးဖွင့်ပြီး ဘေးတစ်နေရာကို လှည့်ကြည့်တော့ ရှိန်းမရှိတော့ပေ....
အသွင် ငုတ်တုတ်လေးထိုင်လိုက်တော့ သူ့ကိုယ်ပေါ်မှာ အဝတ်ဆိုတာမရှိ စောင်လေးကို ခြုံထားလိုက်ဖို့ ဆွဲလိုက်တော့ ခြေရင်း ခုံလေးမှာ သူ့အတွက်ထင်ပါရဲ့ ဝတ်စုံ အသစ်ကလေး တစ်စုံကိုတွေ့လေသည်...
အသွင် ကောက်ထလိုက်ပြီး ရေချိုးလိုက်သည်....
ရေချိုးခန်းထဲမှာလဲ မနေ့ညက ရှိန်း သူ့ကိုထိတဲ့အထိအတွေ့တွေကို မမှတ်မိအောင် အမှတ်အသားတွေပျက်ပြယ်သွားအောင် ဆေးကြောပစ်ပေမယ့် မပျက်သွားတာတော့ အမှန်ပေ....
အဝငိုလိုက်ကာ ရှိန်းလာထားသွားတဲ့ ဝတ်စုံကိုဝတ်လိုက်ပြီး အောက်ထပ်သို့ဆင်းလာတော့ရှိန်းကို မတွေ့...မီးဖိုချောင်ထဲဝင်သွားတော့မှ ထမင်းစားပွဲရှိ ထိုင်ခုံတစ်ခုမှာ ထိုင်နေတဲ့ ရှိန်းကို တွေ့လေသည်....

အသွင်ဟာသူ ဝယ်ပေးထားတဲ့ ရှပ်အင်္ကျီ အပန်းရောင်ပွပွလေးကို ဝတ်ထားကာ...ချည်​ဘောင်းဘီ ပွပွလေးလည်းဝတ်ထားတာမို့ ရှိန်း ကြည့်နေရင်း ကြည့်နေရင်းဖြင့် ဘယ်လောက်တောင်ကြာသွားလဲ မသိ.... တစ်ခါမှ အဲ့လောက်ထိ စိုက်ပြီး မကြည့်ခဲ့ဖူးဘူးမလား....

"ဒီမှာလာထိုင်"

ရှိန်း သူ့ဘေးနားက ထိုင်ခုံလေးကိုညွှန်းပေမယ့်လည်း အသွင်မထိုင်ချင်...သို့သော် တခြားနေရာမရှိ တခြားထိုင်စရာနေရာမရှိတာမို့ သူ့အနားသို့ ထိုင်လိုက်ကာ ခုံကို တော့ သူနှင့် ဝေးရာသို့ ရွေ့ထိုင်လိုက်လေသည်....
ရှိန်း သူ့ဘေးနားကနေ ရွေ့သွားတဲ့ အသွင့်ခုံကို သူ့အားနှင့် အတင်းဆွဲယူကာ သူ့နားကပ်ထားလိုက်ပြီး အသွင့်ခြေထောက်ကို သူ့ပေါင်တစ်ဖက်ပေါ်သို့ တင်ထားလိုက်ကာ....

"စားစရာရှိတာစားတော့ ဟိုရွှေ့ ဒီရွှေ့ လုပ်မနေတော့နဲ့"

အသွင် သူ့ကိုမော့ကြည့်ကာ...

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now