ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤အပိုင်း(၁၇)
အသွင်က မလိုက်ခဲ့ဖို့ပြောသော်လည်း သူ့နောက်သို့ မရမကလိုက်ခဲ့တဲ့ ဖြူဖွေးကြောင့် အသွင်ပြောမရတဲ့အဆုံးခွင့်ပြုခဲ့ရသည်...
အသွင် ကျောင်းတက်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ နယ်ရွာက သူငယ်ချင်းတစ်ယောက် ၏ အိမ်သို့ သူလာခဲ့လေသည်...ကျောင်းတက်တုန်းက တစ်ခါရောက်ဖူးတာမို့ လမ်းကိုလွယ်လွယ်နှင့်မှတ်မိတတ်တဲ့ သူ့အတွက်တော့မခက်ခဲလှ... ခရီးကြမ်းလှတာကြောင့် ဗိုက်ထဲက ကလေးကို သူစိတ်ပူလှသည်...
"ခင်မာသန်းတို့ အိမ်လားရှင့်"
"သြော် အေ့ ဟုတ်တယ်ကွဲ့...ဒါနဲ့ သမီးက..."
"သမီးက ခင်မာသန်းနဲ့ ကျောင်းအတူတူတက်ခဲ့တဲ့ သူပါရှင့် ရွှန်းလဲ့သွင် လို့ ခေါ်ပါတယ်ရှင့်"
"ဟယ် ရွှန်း....."
အိမ်အောက်သို့ ဆင်းလာတဲ့ ခင်မာဟာ ရွှန်းကိုမြင်တော့ အိမ်အပေါ်ကနေ အော်လေသည်...
အိမ်အပေါ်ကို ခေါ်ပြီး..... ကျောင်းတုန်းကအကြောင်းတို့ ဘွဲ့အတူတူယူတုန်းက အကြောင်းတွေ ပြောဖြစ်ကြလေသည်...နောက်တော့ အိမ်ထောင်ပြုကြတဲ့ အကြောင်းပြောကြတော့..ရွှန်း ယောက်ျားအိမ်ကနေ ထွက်လာတယ်ဆိုတာ မပြောချင်၍ ယောက်ျားဆုံးသွားပြီ ဆိုပြီး ပြောထားလိုက်လေသည်.. ဒီရွာမှာ အိမ်ကောင်းကောင်းလေး ရှာပေးဖို့ အကူအညီတောင်းတော့လည်း စိတ်ရင်းဖြင့် ကူညီပေးလေသည်...
ခင်မာသန်း ရှာပေးတဲ့ တစ်ထပ်တိုက် အိမ်ပုပုလေး၌ သူရယ် ဖြူဖွေးရယ် နှစ်ယောက်သာနေလေသည်... ညနေညနေတိုင်း သူ့ဆီအလည်လာကာ .. ဟင်းတွေ လာလာပို့တတ်ပေးတတ်တဲ့ ခင်မာသန်းအပေါ် သူတကယ် ကျေးဇူးတွေ များနေလေပြီ...
"မရွှန်း ညီမမေးဦးမယ် ယောက်ျားက မဆုံးသေးဘဲနဲ့ ဆုံးတယ်လို့ ပြောလို့ရလို့လားဟင်.. လူ့ပါးစပ်နတ်လိုက်တတ်တယ်တဲ့ လူကြီးတွေပြောကြတာ... မရွှန်းမကြောက်ဘူးလား"
ခြံဝင်းထဲရှိ ဒန်းပေါ်မှာထိုင်ကြရင်း ဖြူဖွေးမေးလာတဲ့ မေးခွန်းကြောင့် သူနည်းနည်း လန့်သွားမိလေသည်...
YOU ARE READING
ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)
Romance"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့တာလေ... ကိုက မင်းရဲ့ အရာရာတိုင်းကိုလက်ခံနိုင်တယ်... ဖြည့်ဆည်းပေးချင်တယ်... " warning🔞 ပါပါသည်