ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း(၂၀)
(ဇာတ်သိမ်းပိုင်း)(Final)ရွာကနေ ပြန်တော့မှာမို့ ခင်မာသန်းနဲ့ သူမိဘတွေ အိမ်ကို သွားပြီးနှုတ်ဆက်တော့...
"အမလေး ပြောတော့ ဒီမှာဘဲ အရိုးဆွေးသည်အထိနေတော့တဲ့..ပြီးတော့လည်း ကလေးအတွက် ပိုက်ဆံရှာဖို့ အလုပ်တွေလည်းဒီမှာဘဲ လုပ်တော့မှာတဲ့ အခုတော့ ယောက်ျား ဖြစ်သူက လာလည်းချော့ရော တကောက်ကောက် ပြန်ပါသွားရောဘဲ.. တရားကျဖို့ကောင်းလိုက်တာနော်...မိရွှန်းတို့များ.."
ရွဲ့တတ်တဲ့ ခင်မာသန်းရဲ့ ပါးစပ်နဲ့တွေ့တော့ အသွင် ဘာမှပြန်မပြောနိုင်...
"သူများကိုကျ ပြောတတ်တယ်နော် ညည်းလည်းဘာထူးလဲ ခင်မာ.. မအေကိုကျ ကပ်ကပ်လန်အောင်ပြန်ပြောပြီး သူ့ရည်းစားကိုကျ "ဦးနော်... ဦးကလဲ..." ဆိုပြီး ချွဲချွဲနေတာ နားကြားလို့တောင်မကောင်းဘူးအေ ယူမယ်ဆိုလည်းယူပြီး မြန်မြန် အိမ်က ဆင်းတော့"
ခင်မာ့ အမေက ကြားကနေ ဝင်သရုပ်ပြကာ ပြောပြသွားသေးတာမို့ ကိုရှိန်းနဲ့ သူနဲ့ ရီလိုက်ကြသေးသည်... အကုန်နှုတ်ဆက်ပြီး...ပြန်လာခဲ့တာမို့ အသွင့်ရင်ထဲ စိတ်မကောင်း...ဝမ်းနည်းမိသည်..ဒီလို အေးချမ်းတဲ့ တောရွာလေးကလဲသူ့စိတ်ကို အရမ်းဆွဲဆောင်နေလေသည်...
ရှိန်းကားမောင်းနေရင်း အသွင့်ကို လှည့်ကြည့်တော့ ကားတံခါးအပြင်ဖက်ကိုကြည့်ကာ မျက်နှာမကောင်းတာမို့ ရှိန်းတစ်ခါတည်းနားလည်လိုက်သည်...
"မိန်းမ ကိုတို့နောက်ခါလည်း ဒီကိုလာလည်ကြရအောင်နော့... ဒီလို ရွာလေးမှာ ကိုတို့ အိမ်တစ်အိမ်လောက် ဝယ်ထားရအောင် တခါတလေ စိတ်အပန်းဖြေချင်တဲ့ အခါတွေ မိန်းမစိတ်ကောက်ပြီး လာချင်တဲ့ အခါနေစရာလေးရှိဖို့ ဝယ်ကို ဝယ်ထားသင့်တယ်..."
ကိုရှိန်းစကားကြောင့် အသွင်ပြုံးမိသွားသည်... ဝမ်းနည်းတာတွေတောင်ပျောက်ကုန်ပြီး ပျော်တဲ့ စိတ်ကလေးတွေ ဝင်လာလေသည်...
ရှိန်းဆိုတာ ဒီလိုလူပါ....
သူဝမ်းနည်းနေရင် ပျော်အောင်လုပ်ပေးမဲ့သူမျိုး..
သူဝမ်းမနည်းအောင်ထားမဲ့သူမျိုး...
ဘယ်လောက်ဆိုးဆိုး မငြိုငြင်ဘဲ စိတ်ရှည်ရှည်နဲ့ ချစ်ပေးတတ်တဲ့သူမျိုး...
ဘယ်လောက်ဘဲ ကန်ထုတ်နေပါစေ ထွက်မသွားမဲ့သူမျိုး...
အထူးသဖြင့် အသွင်ရှိမဲ့ အရပ်မှာဘဲ ရှင်သန်မဲ့ သူမျိုးပေါ့....
YOU ARE READING
ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)
Romantizm"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့တာလေ... ကိုက မင်းရဲ့ အရာရာတိုင်းကိုလက်ခံနိုင်တယ်... ဖြည့်ဆည်းပေးချင်တယ်... " warning🔞 ပါပါသည်