Part - 9

3.5K 51 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း(၉)

"ဟာ မိန်းမ ဘယ်လိုကြီးလမ်းလျှောက်နေတာတုန်း"

တီရှပိအင်္ကျီအပွလေးနှင့်အင်္ကျီနှင့်ကွက်တိရှိသော ဘောင်းဘီ တိုလေးကိုဝတ်ထားတဲ့ အသွင်ဟာ ကားယားယားကြီးလာခဲ့တာမို့ ရှိန်းရေသောက်နေရင်းမှ ကောက်ရီလေသည်....

အသွင် မီးဖိုချောင်က ထိုင်ခုံတစ်ခုမှာထိုင်နေရင်းမှ...
"အဲ့တာကို့ကြောင့်လေ ဘာလို့အဲ့လောက်ကြီး ကြမ်းရတာလဲ"

"အသွင် ကို့ကိုဘယ်လိုခေါ်လိုက်တာ ကို လို့ခေါ်လိုက်တာလား"

အသွင့်ပုခုံးလေးကိုကိုင်ပြီး လှုပ်ခါကာ မေးလေသည်...

"ဘယ်လို့လဲ ခေါ်တာမကြိုက်ဘူးလား အဲ့တာဆို မခေါ်တော့ဘူး"

"ခေါ် ခေါ် ခေါ် ကိုကြိုက်တယ် ကိုငယ်ငယ်လေးကတည်း အသွင် ကို့ကို ကိုကို လို့ခေါ်ခိုင်းစေချင်ခဲ့တာ ဒါပေမယ့် လူဆိုးမလေးက ကို့ကိုမခေါ်ဘူးလေ ဘာလို့ ကို့ကို နင်တွေ ငါတွေနဲ့ဘဲ ပြောဆိုခဲ့တာလဲ ကိုက မင်းထက် ကြီးတယ်ဆိုတာတော့ သိခဲ့တယ်မလား"

"အွန်း သိတယ်လေ ဒါပေမယ့် အသွင်က အဲ့လိုခေါ်ရတာကျ မကြိုက်လို့ ကြာရင် စိတ်ခံစာချက်တွေပြောင်းကုန်မှာစိုးလို့ မခေါ်ခဲ့တာ သူငယ်ချင်းသံယောဇဥ်ကဘဲ တည်မြဲတယ် လို့ အသွင်ထင်ခဲ့တာ အဲ့လိုတည်မြဲတဲ့အရာမျိုးမှာဘဲ ရှိနေစေချင်ခဲ့တာ ဘာလို့ဆို ကို့ကို မဆုံးရှုံးချင်ခဲ့လို့"

ခေါင်းလေးကိုငုံ့ကာ ​ရေနွေးခွက်ကလေးကိုကိုင်ပြီး ပြောနေတဲ့ အသွင့်မျက်နှာလေးဟာ ရှက်သွေးဖြာနေတယ်ထင်ပါရဲ့ ပန်းရောင်သမ်းနေလေသည်...

"ရွှတ်..."
ပါးလေးကို ရုတ်တရက်နမ်းလိုက်ပြီး...

"ကိုနဲ့ မင်းနဲ့က သူငယ်ချင်းသံယောဇဥ်ထက် ပိုတဲ့ ၁၅၀၀ အချစ်တင်မကဘဲ ၅၂၈ ပါ ပါတဲ့ အချစ်မျိုးနဲ့ ကိုက မင်းကို ချစ်ခဲ့တာ ကို မင်းကိုချစ်တဲ့ အချစ်က ပိုပြီးပြည့်စုံတယ် ကို မင်းကို ချစ်တယ်"

ရှိန်းပြောလို့ပြီးတာနှင့် အသွင်ဟာ သူ့ကို လှမ်းဖက်လိုက်လေသည်...

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now