ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း(၈)
(warning 🚨🔞)"သမီးရေ သားလုပ်ရပ်ကြောင့် အန်တီ မျက်နှာတောင်မပြဝံ့တော့ဘူးကွယ်"
ရှိန်းရဲ့အိမ်ဆီသို့ အသွင့်ကို ခေါ်လာတာမို့ အိမ်ထဲဝင်တာနှင့် မိခင်ဖြစ်သူရဲ့စကားကြောင့် သူပါ မျက်နှာပူရပြန်လေသည်...
"ကျွန်တော် အပြင်သွားစရာလေးရှိလို့ အမေတို့ ခဏဂရုစိုက်ပေးထားလိုက်ဦး..."
"မင်းသွားစရာရှိတာသာသွားပါ ငါက ငါ့သမီးကို ဒီတိုင်းပစ်ထားပါ့မလား"
"ဟုတ်ပါပြီဗျ"
ရှိန်း ထွက်သာထွက်လာရတယ်သိပ်စိတ်မချ ....
ငထွန်းက ခေါ်ခေါ်နေလို့ မသွားရင်မကောင်းပေ...ရှိန်းထွက်သွားတော့မှ...
"သမီး သားက ဂရုစိုက်ရဲ့လား..."
" ဟုတ် ဂရုစိုက်ပါတယ် အန်တီ ဒါပေမယ့်သမီး သူ့ကို ခင်ပွန်းတစ်ယောက်လို သတ်မှတ်လို့မရသေးဘူးဖြစ်နေတယ်"သူ့ရင်ထဲ မွန်းကြပ်နေသမျှ ငယ်ကတည်းက သူ့ရဲ့ရင်ဖွင့်ဖော်ဖြစ်ခဲ့တဲ့
အန်တီဝင်းကို သာ သူရင်ဖွင့်ရလေသည်....
သူ့စိတ်ခံစားချက်ကို သဘောပေါက်ပုံပေါ်တဲ့ အန်တီဝင်းက...."အန်တီ သဘောပေါက်တယ် သမီးနဲ့သားက သူငယ်ချင်းလို နေခဲ့ကြတဲ့ နှစ်က တစ်နှစ် ၂နှစ်မှမဟုတ်တာ ... နှစ်ပေါင်းများစွာနေခဲ့ကြပြီးမှ အခုလို သားရဲ့ လုပ်ရပ်ကြောင့် အလျင်အမြန် နောက်တစ်ဆင့်တက်သွားရတော့ သမီးစိတ်ထဲတစ်မျိုးနေမှာ....ဒါပေမယ့် သမီးအတင်းအကြပ်ကြီး ကိုယ့်ရဲ့ခံစားချက်ကို မထိန်းချုပ်ထားနဲ့ သူငယ်ချင်းက သူငယ်ချင်းဘဲ ဖြစ်ရမယ်ဆိုပြီး မရိုက်သွင်းထားနဲ့
သမီးရဲ့စိတ်ကိုဖွင့်ချလိုက်...အခု အခြေအနေတွေက မတူတော့ဘူးအဲ့ ဒီတော့ သမီးကိုယ်တိုင် လက်ခံဖို့ပြင်ဆင်လေနော်"အေးအေးဆေးဆေးဖြင့် စိတ်ရှည်ရှည် ရှင်းပြတတ်တဲ့ အန်တီဝင်းက အရင်လိုပင်....သူ့အပေါ် သမီးအရင်း တစ်ယောက်လို ဆက်ဆံပေးတာ ငယ်ကတည်းကနေ အခုလက်ရှိအချိန်ထိ....
🖤🖤🖤
"သော်တာ မင်းနဲ့ ရွှန်းလဲ့အခြေအနေ ဘယ်လိုရှိတုန်း"
YOU ARE READING
ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)
Romance"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့တာလေ... ကိုက မင်းရဲ့ အရာရာတိုင်းကိုလက်ခံနိုင်တယ်... ဖြည့်ဆည်းပေးချင်တယ်... " warning🔞 ပါပါသည်