ချစ်ရပါသော ချစ်ဇနီး/ သူငယ်ချင်းလေး🖤 အပိုင်း (၁၃)
"ကိုသီဟ..."
"ရွှန်း...."
ရှိန်း နဒီ့ဆိုင်သို့ သီဟနှင့် တွေ့ဖို့ အသွင့်ကိုခေါ်လာခဲ့လေသည်... နဒီ့အကြောင်းကို အသွင်လောက် သိတာ အသွင်ဘဲရှိမယ်ထင်သည်... အကျိုးအကြောင်းတော့ မပြောပြထားမိပေ... တော်ကြာ သူ့သူငယ်ချင်းကို ဒီလို လုပ်တယ်ဆိုပြီး လိုက်မလာမှာစိုး၍ပင်...
"ကိုသီဟ က ကော်ဖီလာသောက်တာလား"
"ဟို.. ဟို...ကျွန်တော်က..."
"အဲ့ကောင်က နဒီနဲ့ မူးပြီးမှားခဲ့တာတဲ့ ..."
ရှိန်းရုတ်တရက်ပြောလိုက်တဲ့ စကားကြောင့်... သီဟ ခေါင်းကြိမ်းသွားရလေသည်.... အသွင်လည်း အံ့သြလို့မဆုံး...
"ကိုသီဟ.... ကိုသီဟက အဲ့လို လူမျိုး မဟုတ်...."
"ဟုတ်တယ် ရွှန်း.. ကိုက အဲ့လို လူမျိုးတော့ အရင်က မဟုတ်ပေမယ့် အခု တော့ ဖြစ်သွားပြီ ရွှန်းရေ..."
သီဟ သက်ပြင်းရှည်ကြီးချကာ...ထိုင်ခုံကို မှီ၍ နေနေလိုက်လေသည်...သက်ပြင်းတစ်ခါချတိုင်း အသက် ၁ရက် တိုတယ်တဲ့ ... အဲ့စကားသာတကယ်သာအမှန်ဆိုရင် သူအခုချိန်ဆို အသက်ရှိတော့မဲ့ ပုံမပေါ်...
"သော်တာ မင်းပြောတော့ ကူညီပေးနိုင်မဲ့သူ ခေါ်လာမှာဆို ငါ့ကို သတ်မဲ့လူကို ခေါ်လာတာလား..."
"ဟ... နဒီအကြောင်းကို သိတာ အသွင်ဘဲရှိမယ်လေ... ငါ့အပြစ်မတင်လာနဲ့ ငါက ကူညီဖို့ခေါ်လာတာ...."
နှစ်ယောက်သား ရင်းရင်းနှီးနှီးပြောဆိုနေကြတာကို အသွင်ကြည့်၍ ကြည်နူးမိလေသည်... တစ်ယောက်နှင့် တစ်ယောက် ပြေလည်သွားတာကိုကြည့်ရင်း ကြည့်ရင်းဖြင့် ပြုံးနေမိပြန်လေသည်....
"အသွင် ဝန်ထမ်းတွေကို သွားမေးလိုက်ဦးမယ်..."
အသွင် ခဏထွက်သွားကာ မကြာခင် ပြန်လာခဲ့လေသည်...
"တိုက်ခန်းမှာဘဲရှိတယ်တဲ့.... အသွင် သွားလိုက်မယ် အကိုတို့နေခဲ့ကြ""ရွှန်း... ကို လိုက်ခဲ့မယ်....ကို သူနဲ့တွေ့ရမှဖြစ်မှာ.."
အသွင်နှင့် လိုက်ဖို့ ပြင်နေတဲ့ ကိုသီဟကို မျက်စောင်းလေးထိုးကာ...
YOU ARE READING
ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)
Romance"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့တာလေ... ကိုက မင်းရဲ့ အရာရာတိုင်းကိုလက်ခံနိုင်တယ်... ဖြည့်ဆည်းပေးချင်တယ်... " warning🔞 ပါပါသည်