ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း(၁၁)
အသွင်အိမ်ပြန်ရောက်တော့ အိမ်ရှေ့ ဆိုဖာမှာထိုင်နေတဲ့ ကိုရှိန်းကို တွေ့လေသည်...
အသွင် သက်ပြင်းလေးတစ်ချက်ချပြီး... ရှိန်း အနားသွားထိုင်လိုက်ကာ..."ကို အသွင့်ကို ဘာလို့ မခေါ်ဘဲ တစ်ယောက်တည်းထွက်သွားရတာလဲ"
ရှိန်း မဖြေပါ....နှုတ်ဆိတ်နေလေသည်...
"ကို အသွင်မေးတာဖြေလေ ဘာလို့လဲလို့ ဘာလဲ အသွင်က ကိုသီဟနဲ့ တွေ့နေလို့လား အဲ့တာက..."
"အသွင် နေချင်သလိုနေပါ ကို ဘာမှမပြောပါဘူး"
ထထိုင်လိုက်တဲ့ ရှိန်းရဲ့ အင်္ကျီစကို ဆွဲရင်း...
"အသွင့်ကို ကို လျစ်လျူရှုလိုက်တာပေါ့ဟုတ်လား ကို... အသွင်နေချင်သလိုနေ ကို ဘာမှမပြောတော့ဘူး ဆိုပြီး... နေလိုက်တာပေါ့ ဟုတ်လား"
ရှိန်း သက်ပြင်းလေးတစ်ချက်ချပြီး....ဆွဲထားတဲ့ အသွင့်လက်လေးကိုဖယ်ချကာ... ဘာမှပြန်မဖြေဘဲ ထွက်လာခဲ့လေသည်...
အသွင် ရဲ့ နဂိုကတည်းကထိန်းချုပ်ရခက်တဲ့ မျက်ရည်တွေဟာ အခုလည်းမကျပါနဲ့လို့ ပြောရင်တောင် ကျလာခဲ့လေပြီ....
အဆင်ပြေကာစ သူတို့အိမ်ထောင်ရေးဟာ အခုတော့ နဂိုအတိုင်းထက်ပိုဆိုးလာခဲ့လေပြီ...
အသွင် ရှိုက်ကြီးတငင် ငိုရင်း ဖြင့်အိမ်မှာ သူတစ်ယောက်တည်း စိတ်လွတ် ကိုယ်လွတ် အော်ငိုနေမိပြန်လေသည်....🖤🖤🖤
"ဟိတ်ကောင် မင်းကွာ ငါ့ဆိုင် ခဏခဏမလာနဲ့ကွ တော်ကြာ မင်းမိန်းမက ငါ့ကိုထသတ်လိမ့်မယ်"
အောင်ထွန်း ကြက်သီးထသလိုလုပ်ပြရင်း ရှိန်းကိုပြောနေလေသည်...
"မင်းဆီလာလဲ သူ ဘာမှပြောမှာမဟုတ်ပါဘူး ငါ့ကိုမချစ်ဘဲယူခဲ့တဲ့ သူဘဲဟာ ငါ့ကိုစိတ်ပူမှာမဟုတ်တော့ဘူး သူချစ်တဲ့သူကိုဘဲ စိတ်ပူတော့မှာ"
အရက်ခွက်လေးကိုကိုင်ကာ...လှည့်ရင်းပြောနေလေသည်...
အခြေအနေမကောင်းလို့ သူ့ဆိုင်လှည့်ခဲ့တာမှန်း အောင်ထွန်းသိသွားတော့ ရှိန်းဘေးနားဝင်ထိုင်ပြီး...
YOU ARE READING
ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)
Romance"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့တာလေ... ကိုက မင်းရဲ့ အရာရာတိုင်းကိုလက်ခံနိုင်တယ်... ဖြည့်ဆည်းပေးချင်တယ်... " warning🔞 ပါပါသည်