ချစ်ရပါသောချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း (၃)
အသွယ် သီဟရှိန်နှင့် အချိန်ကုန်နေတာက များလှသည်....
ရှိန်းကိုတောင် မဖော်မပြုမိတာကြောင့် ဒီနေ့တော့ ရှိန်းအိမ်ကို အလည်လာခဲ့လိုက်လေသည်...."ဟယ် သမီး အန်တီကတောင်သမီးကိုဖုန်းဆက်မလို့"
"ဘာလို့လဲ အန်တီဝင်း သမီး ဘာကူညီရမလဲ"
"သားသော်တာလေ နေမကောင်းလို့ မင်းအန်ကယ်နဲ့အန်တီနဲ့ကလဲ သူ့အဘွားနေသိပ်မကောင်းလို့ဆိုပြီး သွားကြမလို့ အဲ့တာ သားရှိန်းကို ကြည့်ပေးမဲ့သူမရှိလို့လေ သမီးကို အကူအညီတောင်းမလို့"
"သြော် ဟုတ် အန်တီဝင်းရပါတယ်သွားပါ သမီးလည်းအားနေတာဘဲဟာ...အားမနာပါနဲ့"
"အေ့အေ့ ဂရုစိုက်ပေးလိုက်ပါဦးကွယ်"အန်တီဝင်းတို့ ထွက်သွားတာနှင့် သူ ရှိန်းအခန်းထဲ ဝင်ခဲ့လေသည်...
အိပ်ယာထက်မှာ စောင်နှင့်ကွေးနေသော ရှိန်းကို သူမြင်တာမို့ အပြေးသွားကာ...."ရှိန်း ဘယ်လိုနေသေးလဲ"
မျက်လုံးလေးဖွင့်ကြည့်ရုံသာ ဖွင့်နိုင်၍ ရှိန်းဖွင့်ကြည့်တော့...
"အခန်းကလဲ မှောင်မဲနေတာဘဲ အဲ့လို လိုက်ကာတွေ မပိတ်ထားပါနဲ့လို့ နင့်ကိုပြောထားတယ်လေ နင့်အခန်းက နဂိုက အမဲပါဆို အကုန်ပိတ်ထားတော့ အလင်းကမရ လေကောင်းလေသန့်ကမရနဲ့ နင် အဲ့တာကြောင့် နေမကောင်းဖြစ်တာ..."
ပွစိပွစိနှင့် လိုက်ကာတွေ လိုက်ဖွင့်နေတဲ့ အသွင့်ကိုမြင်၍...
"မင်း ရှိန်းနဲ့ သွားမတွေ့ဘူးလား"
"ငါလာတွေ့နေတယ်လေ နင်နဲ့"
"သီဟရှိန်ကိုပြောတာကွ မင်းကလဲ.."
"ငါက စတာပါ...မသွားပါဘူး နင်မှနေမကောင်းတာ"
"ငါနေမကောင်းတာ ၃ရက်ရှိနေပြီ မင်းအခုမှ လာတာပါကွာအပိုတွေပြောနေပြန်ပါပြီ"ခါတိုင်းဆို သူနေမကောင်းဖြစ်တယ်ကြားတာနှင့် ရှိန်းကြိုက်တတ်တဲ့ ကြက်ပေါင်းရည် ပူပူလေးကို ချက်ချင်းချက်၍ လာလာပို့တတ်တဲ့ အသွင်က အရင်ကလို မဟုတ်တော့တာ သူသတိထားမိသည်...
"နင်ကရော ငါ့ကိုပြောလို့လား"
"ခါတိုင်းဆို ငါမပြောလဲ နင် အလိုလို သိတာဘဲလေ"
ရှိန်း မျက်လုံးကို လက်နှင့်ပိတ်ကာ အသွင်ပြောသမျှ အကုန်ပြန်ပြောနေလေသည်...
YOU ARE READING
ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)
Romance"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့တာလေ... ကိုက မင်းရဲ့ အရာရာတိုင်းကိုလက်ခံနိုင်တယ်... ဖြည့်ဆည်းပေးချင်တယ်... " warning🔞 ပါပါသည်