Chapter 3

3.2K 106 1
                                    

အဖြည့်ခံ  - 3

ရန်ပုံငွေပွဲဆိုတော့ တခြားသူတွေစိတ်ဝင်စားစေမဲ့ Content တွေကို အသီးသီးဖန်တီးကြတာဖြစ်သည်။အတန်းလိုက်အဖွဲ့လိုက်ကိုယ်စီဖြင့် ကဏ္ဍအသီးသီးကပါဝင်ကြသည်။ဒီညနေတေ့ာ ကျောင်းဝန်းထဲမှာ မုန့်စျေးတန်းတွေလည်းရှိကြပြီး ဟောခန်းထဲမှာတော့ပြပွဲမျိုးစုံရှိသည်။လွမ်းရိပ် နဲ့ ရန်ခ အပါအဝင်အခြားမိန်းကလေးသုံးယောက်နှင့်ယောက်ျားလေးငါးယောက်ပါဝင်သေးသည်။

လွမ်းရိပ် တို့အဖွဲက မုန့်ရောင်းကြတာဖြစ်သည်။ကြက်အူချောင်းကင်၊ဂင်မ်ချီဟင်းရည်နှင့် ကြက်ဥလိပ် ၊ ထမင်းလိပ် အပါအဝင် တော့ပူဂီ လည်းပါသည်။ အိမ်မှာကတည်းက ချက်ပြုတ်လာပြီးဒီမှာစျေးတန်းခင်း၏။ထိုင်စားဖို့အတွက်လည်းကျောင်းကခုံတွေဌားပြီးလုပ်သည်။ ရန်ခ ကကြက်အူချောင်းကင်ပြီး လွမ်းရိပ် ကတော့ ထမင်းလိပ်နှင့် ကြက်ဥလိပ် ဂင်မ်ချီဗန်းမှာနေရသည်။ Shinnie နှင့် Sawam တို့မိန်းကလေးသုံးယောက်က တော့ပူကီ ဗန်းမှာတာဝန်ယူ၏။ယောက်ျလေးလေးယောက်ကစားပွဲထိုးပေးပြီး တစ်ယောက်ပန်းပန်ဆေးတာဝန်ယူသည်။

ပွဲတော်အစပြင်ဆင်နေကြချိန် တစ်ချို့ကျောင်းသားတွေက ပြပွဲဝင်ကြည့်ကြသည်။ပြပွဲပြီးသွားတဲ့အခါမှာ စျေးရောင်းပွဲတော်စတင်၏။တစ်ချို့ စီနီယာတန်းတွေက ရုပ်ချောတဲ့ကျောင်းသား ကျောင်သူတွေကိုခေါ်ပြီး သူတို့ဆီလူလာအောင် မြှူဆွယ်သည်။ ကျောင်းကနာမည်ကြီးတစ်ယောက်ရှိသည့် ဆိုင်ဆို လူတွေကပိုအုံကြ၏။

“မင်းမြတ် ဒီမှာ ထမင်းလိပ်”

“စားမလို့လား…”

“အင်း စားမလို့ လူသိပ်မများဘူး ငါသွားဝယ်လိုက်မယ်”

“ငါလိုက်ခဲ့မယ် မင်းတစ်ယောက်တည်းဆို လူပိုညှပ်လိမ့်မယ်”

ဝဏ္ဏ ရဲ့လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး ဆိုင်ထဲသို့ ဝင်၏။မင်းမြတ် တို့နှစ်ယောက် ထိုဆိုင်ထဲသို့ဝင်လာသည်နှင့် လူတွေကအုံလာကြသည်။ဒါပေမဲ့ သူတို့တွေက ဝဏ္ဏ ကိုတော့ဦးစားပေးကြသလိုအရင်ဝယ်ခိုင်း၏

“ကြက်ဥလိပ်နှစ်ဘူး၊ ထမင်းလိပ်တစ်ဘူးနဲ့ အဲ့တာ ဂင်မ်ချီဟင်းရည်လား”

အဖြည့်ခံ(Mpreg)(Complete)Where stories live. Discover now