Chapter 18

2.3K 77 3
                                    

အဖြည့်ခံ  - 18

လွမ်းရိပ် ကုမ္ပဏီ က ကျင်းပသည့် ပြိုင်ပွဲအတွက် ဝင်ရောက်ယှဥ်ပြိုင်ဖို့ Products Design ကို ရေးဆွဲနေခဲ့သည်။ရုံးအလုပ်တွေကိုလည်း သူအစောကြီးကြိုပြင်ဆင်ထားတာကြောင့် ပြိုင်ပွဲဝင်မဲ့ ဒီဇိုင်းကို အာရုံစိုက်နေလျှက်

ရုတ်တရက် လွမ်းရိပ် ရဲ့ အနောက်ကနေ သိုင်းဖက်လာသည့်လက်တစ်စုံကြောင့်လှည့်ကြည့်လိုက်၏။ထိုလူက မင်းမြတ် ဖြစ်နေပြီ မျက်နှာကအရမ်းနီးကပ်သွားတာကြောင့် လွမ်းရိပ် ခေါင်းကို အမြန်နောက်သို့ ဆုတ်လိုက်ပြီး မင်းမြတ် လက်ထဲကနေချက်ချင်း ရုန်းထွက်လိုက်မိသည်။

“အား….”

“ဘာဖြစ်လို့လဲ”

လွမ်းရိပ် မျက်လုံး အဝိုင်းသားလေးဖြင့်သာကြည့်ပြီးနောက် ဘေဘီကိုဝဲကြည့်လိုက်သည်။ဘေးမှာ ဝန်ထမ်းတွေအများကြီးရှိနေတဲ့ဟာကို ဘာကြောင့်များ ဖက်လိုက်တာလဲ ဟူသည့်အကြည့်ဖြင့်။ ပြီးတော့ တစ်နေ့ကကိစ္စဖြစ်ပြီးကတည်း လွမ်းရိပ် သူ့ကို တမင်ရှောင်နေတာ ရှက်လို့ရှောင်နေမိတာလည်းဟုတ်သည်။ပြီးတော့ နည်းနည်း ကို့ယို့ကားယားနိုင်သည်ဟု ခံစားရတာကြောင့်လည်းပါ၏။

လွမ်းရိပ် ပါးမို့လေးတွေ ရဲတက်လာသည့်အခါ လွမ်းရိပ် လက်ကို ဆွဲကိုင်ပြီး ရုံးခန်းထဲသို့အတင်းဆွဲခေါ်လာပြန်သည်။လွမ်းရိပ် မှာ ကြောင်တောင်တော်ဖြင့်ပါသွားရလေသည်။

“မင်းမြတ်. ….”

“မနေ့ကတစ်နေကုန် ကိုယ့်ကိုရှောင်နေတာလား”

“ဟင်….”

“အဲ့တာကြောင့် ဒီနေ့အမိဖမ်းတာလေ ကိုယ့်ကို မသိချင်ယောင်ဆောင်နေတယ်ပေါ့ဟမ်”

“မင်းက လူတွေကြားထဲမှာ ဖက်ပစ်တာကို”

“မဟုတ်ရင် မင်းကိုယ့်ကို ရှောင်နေဦးမှာလေ”

“…”

“မဟုတ်လို့လား”

မင်းမြတ် ထပ်မေးလိုက်တော့ ခေါင်းကြီးကိုငုံ့ထားဆဲဖြစ်သည်။မင်းမြတ် ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး လွမ်းရိပ် ကိုပေါင်ပေါ်သို့ဆွဲချလိုက်သည်။ သူ့ကိုယ်သေးသေးလေးက မင်းမြတ် ပေါင်ပေါ် ရောက်လာသည့်တိုင် တိတ်ဆိတ်နေဆဲ။

အဖြည့်ခံ(Mpreg)(Complete)Where stories live. Discover now