Chapter 21

2.4K 75 1
                                    

အဖြည့်ခံ  - 21

မင်းမြတ် က ထိုအခန်းထဲမှ ထထွက်သွားပြီး အပေါ်ထပ်သို့တက်သွားခဲ့သည်။လွမ်းရိပ် တစ်ယောက်ထဲ ရှုပ်ထွေးစွာကျန်ခဲ့ရ၏။လွမ်းရိပ် သေချာပေါက် မင်းမြတ် နဲ့လမ်းမခွဲချင်ဘူး သူတို့နှစ်ယောက်လုံးချစ်နေရက်သားနဲ့ အလျှင်စလို ကြီးလမ်းခွဲလိုက်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။

လွမ်းရိပ် အပေါ်ထပ်သို့တက်လာခဲ့ပြီး မင်းမြတ် အခန်းထဲသို့ဝင်လာလိုက်၏။အခန်းတွင်းမှာရှိမနေဘဲ ဝရံတာမှာ ထွက်နေပြီး ဆေးလိပ်သောက်နေပြန်၏။လွမ်းရိပ် သူ့ဆီသို့လျှောက်လာရင်း ကျောပြင်ကို ကပ်ကာ ခါးကို လက်နှစ်ဖက်လုံးဖြင့်ပွေ့ဖက်လိုက်ပါသည်။

“ကျွန်တော် မင်းနဲ့အတူနေမယ်နော် စိတ်မဆိုးပါနဲ့တော့ “

“ဟွန်း….”

“အဟွတ်…. ကျွန်တော် အဟွတ်…. မင်းကိုတောင်းပန်ပါတယ် မင်းစိတ်တိုရအောင်လုပ်ခဲ့မိလို့တောင်းပန်ပါတယ် ကျွန်တော်တို့ လမ်းမခွဲဘူးမလားဟင် မင်းမြတ်”

ဆေးလိပ်ငွေ့ကြောင့် လွမ်းရိပ် ချောင်းတဟွတ်ဟွတ်ဆိုးလာ၏။လွမ်းရိပ် တကယ် ဆေးလိပ်နံ့ကို မခံနိုင်တာ ဖြစ်သည်။ လွမ်းရိပ် မေးခွန်းကို မဖြေခင် မင်းမြတ် က ဆေးလိပ်မီးသတ်လိုက်ပြီး  လွမ်းရိပ် ဘက်သို့လှည့်ကာ လွမ်းရိပ် ကို ပြန်ပွေ့ဖက်ကာ

“ကိုယ်နဲ့အတူနေမယ်မလား”

“ဟုတ် “

လွမ်းရိပ် သူ့ရင်ခွင်ထဲသို့ခေါင်းတိုးဝင်လိုက်ပြီး ပွတ်သက်လျှက် ခါးကိုလည်းတင်းကြပ်နေအောင် ဖက်ထားလိုက်သေးသည်။ လွမ်းရိပ် ပြောခဲ့သားပဲ မင်းမြတ် က ကျွန်တော့်ကို နှင်ထုတ်ရင်တောင် ကျွန်တော် မျှော့လိုကပ်တွယ်နေမှာလို့လေ။ ကျွန်တော် မင်း ကိုဘယ်လောက်ထိချစ်ရလဲ  မင်းကိုသိစေချင်တယ်။

လွမ်းရိပ် ရဲ့မျက်နှာကို မော့လိုက်ပြီး  လွမ်းရိပ် ရဲ့နှုတ်ခမ်းတွေကို စုပ်နမ်း၏။မင်းမြတ် ရဲ့အနမ်းတွေကအစ ပိုင်းမှာ တင် အရိုင်းဆန်နေခဲ့သည်။

“ပြွတ် …..”

မင်းမြတ် ရဲ့လက်တွေက လွမ်းရိပ် ရဲ့တစ်ကိုယ်လုံးကိုပွတ်သပ်နေပြီး နှုတ်ခမ်းတစ်စုံက်ုလည်း လုံးဝအလွတ်မပေးခဲ့ပါ။လွမ်းရိပ် ကိုယ်နှင့်သူ့ကိုယ်လုံးကိုပူးကပ်ပစ်၏။

အဖြည့်ခံ(Mpreg)(Complete)Where stories live. Discover now