Chapter 6

2.6K 102 3
                                    

အဖြည့်ခံ - 6

တံခါးအကွယ်ကနေ ဝဏ္ဏ ချောင်းကြည့်နေရင်း သဘောတကျပြုံးကာ ကြည့်နေသည်ကိုတွေ့တော့ သူ့ရင်ထဲနေလို့ကောင်းသွား၏။သို့ပေမဲ့ တမဟုတ်ချင်း အင်္ကျီကိုလုံးချေပစ်ကာအမှိုက်ထဲသို့ ပစ်ထည့်လိုက်သည်ကို တွေ့သည့်အခါ ဝဏ္ဏ အတော်လေးစိတ်မကောင်းဖြစ်မိသွားသည်။ရန်ခ ကခန်းမအပြင်သို့ဒေါသတကြီးထွက်လာသည့်အခါ လွမ်းရိပ် အနောက်ကနေပြီးပြေးလိုက်လာ၏။ဝဏ္ဏ နံရံတစ်ဖက်သို့ကပ်ကာ ပုန်းလိုက်၏။သူတို့ထွက်သွားသည့်အခါ အမှိုက်ပုံးဆီသို့ပြေးလာရင်း ထိုအင်္ကျီကိုပြန်လည်ကောက်ယူလိုက်သည်။

ဘာကြောင့်လွှတ်ပစ်လိုက်တယ်ဆိုတာ ဝဏ္ဏ မသိပါ သူ့စိတ်ထဲအတော်လေးနေရခက်ခဲနေ၏။

※※※※

နေ့လည်စာစားနေတုန်း လွမ်းရိပ်နဲ့ ရန်ခ ရဲ့ဘေးနားကဝိုင်းသို့ ယောက်ျားလေးအုပ်စုတစ်ခုကဝင်ထိုင်လာသည်။သာမန်ပဲမို့ လွမ်းရိပ် တို့နှစ်ယောက်ထမင်းသာဆက်စားနေလိုက်သည်။ရန်ခ ကဆူပုတ်ပုတ်ဖြစ်နေတာကိုလည်း လွမ်းရိပ် သတိထားပါသည်

"အေး ဆံပင်အညိုရောင်နဲ့ကောင်လေ"

"သူ့ပုံကအခြောက်ဆိုတာသိသာပါတယ် ပျော့တိပျော့ဖက်နဲ့"

"အဲ့တာပြောတာ သူက မင်းမြတ် ကိုကြိုက်နေတာတဲ့"

"ဒါနဲ့မင်းဘယ်လိုသိတာလဲ"

"ဒီနေ့ Toilet ထဲမှာ မင်းထင်တို့ စီနီယာတို့အဖွဲ့သူ့ကို အနိုင်ကျင့်ကြတာလေ အဲ့မှ ဂေးနေကြောင်းသိရတာ ဝဏ္ဏ ကရောက်လာပြီး သူ့ကိုကယ်ပေးသွားတာ စီနီယာတွေအကုန်လုံးတောင်းပန်လိုက်ရသေးတယ်"

"မင်းကဘယ်လိုသိတာလဲ"

"နာမည်တော့မမေးနဲ့ ကွိုင်ရှိတယ် ဟ သူကအိမ်သာထဲမှာလေ သူရှိတယ်ဆိုတာဘယ်သူမှမသိကြဘူးကွာ"

ထမင်းစားနေရင်း မနက်ကဖြစ်ခဲ့သည်များကိုအားပါးတရပင်ပြောဆိုနေကြသည်။လွမ်းရိပ် ရော ရန်ခ ရောပါ ထိုစကားတွေကိုကြားနေရသည်။သူတို့ကလည်းတမင်ကြားအောင်ပြောနေကြတာသိသာလွန်း၏

"အခြောက်မ ကလှပါတယ်ကွာ"

"ဟား ဟား သူရှေ့မှာမင်းတို့ ဒစ်တွေကိုဖွက်ထားနော် မဟုတ်ရင် ..."

အဖြည့်ခံ(Mpreg)(Complete)Where stories live. Discover now