အဖြည့်ခံ - 20
လွမ်းရိပ် သူ့ရဲ့လက်မောင်းကို ထပ်ပြီးဆုပ်ကိုင်လိုက်၏။
“ရန်ခ ကအဲ့လိုလူမဟုတ်ဘူး မင်းမြတ် သူကျွန်တော့်အပေါ်မရိုးမသားစိတ်နဲ့ဘယ်တော့မှ မဆက်ဆံဖူးဘူး ကျွန်တော် ရန်ခ ကို အပြည့်အဝ ယုံကြည်တယ် အဲ့လိုပဲကျွန်တော့်ကိုယ် ကျွန်တော်လည်း အပြည့်အဝအာမခံတယ် “
“ကိုယ်ကတော့စိတ်မချဘူး လွမ်း...မင်း ကိုယ့်အတွက်ရောစဥ်းစားပေးလို့မရဘူးလား…”
လွမ်းရိပ် ရဲ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ပြီး စိုးရိိမ်နေသည့်စိတ်ကမျက်နှာပေါ်အတိုင်းသားပေါ်နေတာကို လွမ်းရိပ် တွေ့ရ၏။လွမ်းရိပ် လည်း ပါးပေါ်အုပ်ကိုင်ထားသည့် မင်းမြတ် ရဲ့လက်ကလေးကို အုပ်ကိုင်ကာ
“ကျွန်တော့်ကိုယုံပါ ကျွန်တော်နဲ့ ရန်ခကဒီအတိုင်းအချစ်ဆုံးသူငယ်ချင်းသက်သက်ပဲ ပြီးတော့ ကျွန်တော်ကဟိုးအငယ်လေးကတည်းက ရန်ခ နဲ့အတူ နေခဲ့တာ အရမ်ငယ် တဲ့အချိန်ကတည်းကလေ
သူနဲ့ကျွန်တော့်ကြားမှာ သူငယ်ချင်းထက်ပိုတဲ့ သံယောဇဥ်တွေရှိတယ် ကျွန်တော်တို့နှစ်ယောက်စလုံးက ညီအစ်ကိုတွေလိုနေလာခဲ့ကြတာ “
“ မင်းနဲ့သူက ငယ်တော့တဲ့အရွယ်မဟုတ်တော့ဘူး လွမ်း အပြင်လူဖြစ်တဲ့ကိုယ် က အမြဲမင်းကိုစိုးရိမ်ပူပန်နေရမှာ သိလား ကိုယ်နဲ့လာနေပါ ကိုယ် မင်းကိုစိုးရိမ်ပူပန်ပြီး နေရမဲ့အစား ကိုယ့်အနားမှာပဲ မင်းကိုခေါ်ထားချင်တယ်”
မင်းမြတ် စကားကိုကြားသည်နှင့် လွမ်းရိပ် ခေါင်းခါလိုက်၏။မင်းမြတ် လက်တွေဆီကနေ ရုန်းထွက်လိုက်ပြီး လက်ကို ဆုပ်ကိုင်ရင်း ခေါင်းကိုအကြိမ်ကြိမ်ခါလျှက်
“အဲ့တာကမဖြစ်ဘူး ကျွန်တော့်ကို အိုမားကခွင့်ပြုမှာမဟုတ်ဘူး မင်းမြတ် ….. “
“ကိုယ်နဲ့မနေချင်လို့လား”
“မင်းနဲ့ မနေချင်ဘူးဆိုတာမျိုးမဟုတ်ဘူး မင်းမြတ် ၊ ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက အိုမားကကျွေးမွေးစောင့်ရှောက်ခဲ့တာ ကျွန်တော် အိုမား ကိုဘာမှပြန်ပေးနိုင်သေးတာမဟုတ်ဘူး အတောင်စုံတာနဲ့ထွက်သွားဖို့ကိုကျွန်တော်လိပ်ပြာမလုံသေးလို့… ဒီကိစ္စနောက်မှ ကျွန်တော် အေးအေးဆေးဆေးရှင်းပြပါ့မယ် မင်းအလုပ်ကိစ္စရှိတယ်မလား ကျွန်တော် ပြန်တော့မယ် မင်းမြတ်”
YOU ARE READING
အဖြည့်ခံ(Mpreg)(Complete)
Teen FictionSky 💙 လူတစ်ယောက်ကိုစွဲစွဲလမ်းလမ်းချစ်မိခဲ့ကြရင် အဲ့လူကိုသေသည်အထိချစ်မြတ်နိုးသွားကြတယ်တဲ့ ⚠️Adult Warning⚠️