Chapter 38

2.9K 137 21
                                    

အဖြည့်ခံ - 38

ဝဏ္ဏ အိတ်ကပ်ထဲက ဖုန်းကို ခေါင်ဆောင်ကိုယူလိုက်ပြီး သေသေချာချာ ကြည့်နေရင်းမှ မင်းမြတ် ဆိုတဲ့ နာမည်ကြောင့် ဖုန်းကိုင်လိုက်ပြီးနောက်

"Hello Hello ရှိုင်း... ရှိုင်း မင်းအဆင်ပြေရဲ့လား"

"မင်းမြတ် ငါတို့ကို ဒီကောင်တွေဖမ်းခေါ်လာတယ် ဘယ်လိုညှိညှိမရဘူး"

"ရှိုင်း ငါတောင်းပန်ပါတယ် ငါအမြန်ဆုံး မင်းကိုလာကယ်ပေးမယ် မကြောက်နဲ့ ရှိုင်း .... "

"မြန်မြန်လာခဲ့ မင်းမြတ်..... "

"ကဲတော်လောက်ပြီ ချစ်သူနှစ်ယောက်အလွမ်းသည်နေကြတာ တကယ် ငါညည်းငွေ့နေပြီ .... မင်းမြတ် မင်းအခုလောက်ဆို မင်းရဲ့ weak Point လေးကို ငါတို့ အသေအချာဖမ်းထားတယ်ဆိုတာသိရပြီမလား အဲ့တော့ ငါတို့ Boss တောင်းဆိုသမျှကို လိုက်လျောပေးဖို့အတွက် မင်းကြိုးစားလိုက် ဒါဆိုရင် မင်းရဲ့ ဟာလေးကို မင်းပြန်ရနိုင်တယ်"

ခေါင်းဆောင်ဆိုသည့်လူက ဖုန်းချလိုက်ပြီး ဝဏ္ဏ ကိုကြည့်ကာ ကျွတ် ကျွတ်ဆိုပြီး လှောင်ပြ၏။

"မင်းကတကယ့်အစွာလေးပဲနော် ရုပ်လေးနဲ့မှမလိုက် ဟိုဘက်ကတစ်ယောက်ကတော့ တော်တော်ငြိမ်တာပဲ ပျင်းစရာမကောင်းဘူးလား"

"ခေါင်းဆောင် ဒီတစ်ယောက် ငိုနေတာ နိုးလာကတည်း ငိုနေတော့တာပဲ ထပ်ပြီးမေ့လဲသွားတော့မဲ့အတိုင်းပဲ"

"လွမ်းရိပ်.... မကြောက်နဲ့ မင်းမြတ် လာကယ်လိမ့်မယ် မကြောက်နဲ့ ငါမင်းအနားမှာရှိနေမယ်"

ဝဏ္ဏ လွမ်းရိပ် ရဲ့အေးစက်နေသည့် လက်ဖဝါးလေးကိုတင်းကြပ်နေအောင်ဆုပ်ကိုင်ပြီး အားပေးစကားပြောနေခဲ့သည်။သို့ပေမဲ့ လွမ်းရိပ် ဘက်က ဘာမှတုံ့ပြန်မလာပေ။

"လွမ်းရိပ် အဲ့လူတွေက မသိဘဲပြောနေတာ ငါနဲ့ မင်းမြတ် က သူငယ်ချင်းတွေ
ကို သူတို့အထင်လွဲပြီးပြော နေရုံပဲ မင်းမြတ် က မင်းကို ချစ်တာပါ လွမ်းရိပ် ငါပြောတာယုံ မင်းအထင်မလွဲနဲ့နော်"

လွမ်းရိပ် ငိုနေရင်းဖြင့်ခေါင်းခါလိုက်၏။အခုချိန်ထိ မင်းမြတ် က ဝဏ္ဏ ကိုသာစိတ်ပူနေခဲ့ပြီးသူ့ကိုတော့စိတ်ထဲတွင်ရှိပုံမပေါ်ပေ။ထိုအရာက လွမ်းရိပ် ကို စိတ်ဓာတ်ကျစေသလို ကြောက်ရွံ့တုန်လှုပ်စေ၏။ မင်းမြတ် ရင်ထဲမှာ အမြဲတမ်းလူတစ်ယောက်ပဲရှိခဲ့တယ်။အဲ့လူက ဝဏ္ဏ ပဲ။ မင်းမြတ် အတွက်ပထမဦးစားပေးဟာ ဝဏ္ဏ ပဲ လွမ်းရိပ် ကို သူကအစားထိုးခဲ့ရုံပဲ မဟုတ်လား

အဖြည့်ခံ(Mpreg)(Complete)Where stories live. Discover now