အဖြည့်ခံ - 39
“ဝဏ္ဏ ဆေးရုံတင်ထားရတယ်တဲ့လားဘယ်လိုဖြစ်တာလဲ”
“တစ်နေ့ကတည်းကတင်ထားရတာ အခုထိသူနိုးမလာသေးဘူး....”
မင်းမြတ် အသံကတော်တော်လေးဝမ်းနည်းနေကြောင်းပေါ်လွင်သည်။ထို့နောက်ရန်ခ လည်းဆိုင်ကယ်ဖြင့် အပြေးအလွှား မင်းမြတ် ပို့ပေးသည့် ဆေးရုံလိပ်စာအတိုင်း ရောက်လာခဲ့၏။
ဝဏ္ဏ ကဆေးရုံကုတင်ပေါ်မှာ အိပ်စက်နေသည်ကိုတွေ့တော့ သူ့ရင်ထဲ အတော်လေးသနားလာမိသည်။ဟိုတစ်ရက်က သူ အင်္ကျီသွားဝယ်သည်ကို မလိုက်သွားတာကြောင့် ရန်ခ ဖုန်းတွေကိုမကိုင်တာလို့ထင်ထားခဲ့တာ အဲ့လိုတွေကြောင့်လဲ သေသေချာချာ ချော့ဖို့ မလုပ်နိုင်ခဲ့ဘူး မနက်ဖြန်လောက်မှာ Condo ကို လိုက်သွားမယ်လို့တွေးမိပေမဲ့ ဝဏ္ဏ ဖုန်းကိုင်လို့ဝမ်းသာသွားမိတာ ဆေးရုံတက်နေရတယ်တဲ့လား
“ဘယ်လိုဖြစ်တာလဲ”
“ငါ့အလုပ်တွေကြောင့် ဝဏ္ဏ ကကြားတည်းကဓားစာခံဖြစ်သွားခဲ့တာ ငါ့ကိုမကျေနပ်တဲ့သူတွေက ဝဏ္ဏကိုပြန်ပေးဆွဲသွားကြတယ် အမှောင်ခန်းထဲပိတ်ထားလို့ ဝဏ္ဏ မေ့လဲသွားခဲ့တာ ။ ဝဏ္ဏ ကငယ်ငယ်ကလည်း ပြန်ပေး ဆွဲခံဖူးတယ် အတော်လေးကြောက်သွားပုံရတယ် အဲ့မတိုင်ခင် ငါနဲ့ဖုန်းပြောခဲ့ရသေးတာကို တောက်....!”
ရန်ခ ငြိမ်သက်စွာနားထောင်ပေးနေရင်း ဝဏ္ဏ လက်ကလေးကိုဖျစ်ညှစ်ကာဆုပ်ကိုင်မိလျှက်
တစ်နေ့ကတည်းဆိုရင် ဝဏ္ဏ အဝတ်အစားတွေသွားဝယ်တဲ့နေ့ကဖြစ်သည်။အဲ့နေ့က လွမ်းရိပ် ကိုခေါ်သွားမယ်ဆိုပြီး မခေါ်ဘဲတစ်ယောက်တည်းသွားလိုက်လို့လား
“မင်းနဲ့ အရိပ် သူ့ကို စောင့်ရှောက်ပေးထားတာမလား အရိပ် ရော မင်းရော ငါ့ကိုဖုန်းလေးတောင်မဆက်ကြဘူး”
“လွမ်းရိပ် ကို ငါမပြောရသေးဘူး”
“မပြောရသေးဘူး.... မင်းကို သူနှစ်ညလုံးမဆက်သွယ်ဘူးလား”
“မသိဘူး ဝဏ္ဏကို စိုးရိမ်နေတာနဲ့အိမ်မပြန်ဖြစ်လိုက်ဘူး ခဏ”
မင်းမြတ် အလျှင်အမြန်ဖုန်းကိုထုတ်ကာ လွမ်းရိပ် ဆီသို့ဆက်သွယ်နေ၏။ငါးကြိမ်လောက်အထိ လွမ်းရိပ် ကဖုန်မကိုင်သည့်အခါ အိမ်ဖုန်းအားဆက်သွယ်လိုက်၏။
YOU ARE READING
အဖြည့်ခံ(Mpreg)(Complete)
Teen FictionSky 💙 လူတစ်ယောက်ကိုစွဲစွဲလမ်းလမ်းချစ်မိခဲ့ကြရင် အဲ့လူကိုသေသည်အထိချစ်မြတ်နိုးသွားကြတယ်တဲ့ ⚠️Adult Warning⚠️