Chapter 29

2.2K 93 2
                                    

အဖြည့်ခံ  - 29

မင်းမြတ် ကသူတစ်ခုခု အမှားလုပ်ပြီးရင် တောင်းပန်ပြီး လွမ်းရိပ် ကိုချော့သည်။ထိုအခါ လွမ်းရိပ် ကစိတ်မဆိုးသည့်အခါရှိသလို စိတ်ဆိုးသည့်အခါ ရှိသည်။စိတ်ဆိုးသည့်အခါဆိုရင်တောင် မင်းမြတ် ဘက်ကတောင်းပန်ပါတယ် ဟုပြောလာလျှင် စိတ်မဆိုးရက်တော့သလို ဘာမှမဖြစ်သလို စိတ်ထဲမှာတွေးလိုက်ပြီး နှစ်ယောက်သား ပျော်စရာအချိန်များများကို သာဖန်တီးဖို့လိုလားခဲ့သည်။

အိုမားက ညစာစားဖို့ ရန်ခ နဲ့ လွမ်းရိပ် အပြင် ဆိုင်စောစောသိမ်းပြီး မိုးရှင်း တို့ကိုပါ ဝင်စားစေသည်။မင်းမြတ် အလာကိုအတူစောင့်ကြရင်း မင်းမြတ် ရောက်လာတော့ ညစာထမင်းဝိုင်းလေးစတင်ကြ၏။

“သား…. တူနာအစာသွပ်လေးများများစား”

“ဟုတ် အိုမား ကျေးဇူးတင်ပါတယ်”

အိုမားက လွမ်းရိပ် ပန်းကန်ထဲသို့ဟင်းတွေအများကြီးထည့်ပေး၏။လွမ်းရိပ် လည်း အိုမားထည့်ပေးသမျှကုန်အောင်စားပြီး အိူမားစိတ်ကျေနပ်အောင် စားပေးရသည်။

“ဒါနဲ့ သား နောက်အပတ်  ရန်ခ မွေးနေ့လေ xxx ဂေဟာကို သားလိုက်ဦးမလား”

“ဟုတ် အိုမား သား ရန်ခ နဲ့ အတူလိုက်သွားမှာ”

“အေးကောင်းတယ် အိုမားကို ဒီနှစ်မလိုက်ခိုင်းဘူး သူတစ်ယောက်တည်းသွားမယ် လုပ်နေလို့ သားအားရော အားရဲ့လား”

“ဟုတ်အိုမား  အလုပ်တွေ ကြိုလုပ်ထားတယ် အဲ့နေ့ကျရင် ခွင့် 3 ရက်လောက်ယူလိုက်မှာမလို့ ပိတ်ရက်လည်းခံနေတော့ အချိန်ပိုရတယ်”

“ကောင်းတယ် ကောင်းတယ် နှစ်ယောက်အတူသွားကြ”

ညစာထမင်းဝိုင်းမှာ မိုးရှင်း ကလည်း အိုမား ရဲ့ချစ်မွှေးလေးဖြစ်သလို ဂျွန်  ကျငြိမ်ပြီး  လိမ္မာတာကြောင့်တစ်မျိုးချစ်စရာကောင်းသည်။ ထမင်းစားစဥ်တစ်လျှောက်လုံး အိုမားနှင့် မိုးရှင်းဘကစကားတွေအများကြီးပြောသလို  တစ်ချိန်လုံးပြုံးရယ်နေတော့သည်။

ရန်ခ အိုမားကိုကြည့်နေမိသည်။ အိုမားကအသက်ကြီးလာလို့ထင်ပါရဲ့ မိသားစုထမင်းဝိုင်းကို အရမ်းလူစုံစေချင်သည်။ အရင်နေ့တွေကဆို အိုမားပြုံးရယ်နေတာကိုတောင် မြင်ရခဲသည်။ဒီနေ့တော့လူစုံနေတော့ အတော်ပျော်နေပုံရ၏။

အဖြည့်ခံ(Mpreg)(Complete)Where stories live. Discover now