အဖြည့်ခံ - 32
“အိုမား….စိတ်မပူနဲ့ ရန်ခ ….အိုမားကို အထဲပြန်ခေါ်သွား ကျေးဇူးပြုပြီး….”
လွမ်းရိပ် သူခေါ်ရာသို့ပါသွားပြီး သူ့အိမ်သို့ရောက်လာရပြန်သည်။ လွမ်းရိပ် သူ့ကိုစကားတစ်ခွန်းမျှမပြောဘဲ အခန်းထဲမှာ ထိုင်ငိုနေမိသည်။အိုမား ကိုစိတ်ပူတယ် အိုမားကို ဒီလိုရုပ်ဆိုးတဲ့မြင်ကွင်းမျိုးမမြင်စေချင်တဲ့ဟာကို၊ လွမ်းရိပ် အိုမားငိုတာကို တစ်ခါမှ မတွေ့ချင်ခဲ့ဘူး ဒီေန့ အိုမားငိုတာကို ထပ်မြင်လိုက်ရတဲ့အခါ အိုမားကို သနားတယ် အားနာမိတယ်
မင်းမြတ် ထောင့်နားမှာ ထိုင်နေတဲ့ လွမ်းရိပ် ကိုစိုက်ကြည့်နေပြီး လွမ်းရိပ် ရဲ့လက်ကို ဆွဲကိုင်ကာ ကုတင်ပေါ်သို့ပွေ့ချီပြီး ပစ်တင်လိုက်သည်။
“အင့်…အင့်…အင့်ဟင့်….အီး…ဟင်း…”
“မင်းငါဖုန်းခေါ်တာကိုလုံးဝမကိုင်ဘူး အလုပ်ထဲမှာ လဲ မရှိနေဘူးစိတ်ထင်လို့ ငါလိုက်လာတော့ မင်းကအဲ့ကောင်ဆီမှာရောက်နေပြီး ဖောက်ပြန်နေတယ်”
“မင်းမြတ်….. မင်းလူစကားပြောလိုက် ကျွန်တော်နဲ့ ရန်ခ သာမရိုးမသားဖြစ်နေခဲ့ရင် မင်းဆိုတာ ရှိလာမှတောင်မဟုတ်ဘူး…မင်းက သာ ….. မင်းကသာ…. ဝဏ္ဏ အပေါ် စိတ်နဲ့ဖောက်ပြန်နေတာ….”
“မင်းဘာစောက်စကားပြောတာလဲ”
“ထိုးမလို့လား ထိုးလေ တစ်ချိန်လုံး ကျွန်တော်ကြောက်နေခဲ့တာ မင်းနဲ့လမ်းခွဲရမှာကို ကျွန်တော်ကြောက်နေခဲ့တာ မင်းကတော့ မင်းကပဲအမှားလုပ်ပြီး ကျွန်တော့်ကိုစွပ်စွဲတယ် အဲ့အပြင် ကျွန်တော့်မိသားစုကို ထိခိုက်အောင်လုပ်တယ် မလွန်လွန်းဘူးလားဟင်….”
“လွမ်းရိပ်….!”
“ဟင့်…. မင်းသိပ်တရားလွန်တယ် မင်းမြတ် …… မင်း ဝဏ္ဏ ကိုမမေ့နိုင်ရင် ချစ်နေသေးရင် ဘာလို့ ကျွန်တော့် ကို အသုံးချရတာလဲ မင်းသူ့အတွက်နဲ့ ကျွန်တော့်ကို သေလမ်းပို့ခဲ့တာတောင် မင်းကို ကျွန်တော်ခွင့်လွှတ်နိုင်တယ် မင်းအရာရာ ဝဏ္ဏ ကိုပထမဦးစားပေးနေတာတောင် ကျွန်တော် သဘောထားကြီးပေးနိုင်တယ်
YOU ARE READING
အဖြည့်ခံ(Mpreg)(Complete)
Dla nastolatkówSky 💙 လူတစ်ယောက်ကိုစွဲစွဲလမ်းလမ်းချစ်မိခဲ့ကြရင် အဲ့လူကိုသေသည်အထိချစ်မြတ်နိုးသွားကြတယ်တဲ့ ⚠️Adult Warning⚠️