လက်တွဲဖော် [Right Person] 🌸🍓
အပိုင်း(၁)
"မာမီ ဒါတကယ်မဟုတ်ဘူးမလား...
ဒယ်ဒီက အဲ့လိုလုပ်မဲ့ လူစားမျိုးမှမဟုတ်တာ...""တကယ်ဘဲသား...သားဒယ်ဒီက ဒီ ကုမ္မဏီတွေ ကို
အပေါင်အနေနဲ့ထားခဲ့တာ..."ဆုံးတာ၁လ မကြာသေးတဲ့ ဒယ်ဒီကို
မိုးမာန် စိတ်ထဲ အခဲမကြေဖြစ်လှသည်...
အခက်အခဲတွေကြားထဲ ထားခဲ့တဲ့ ဒယ်ဒီဟာ
အဲ့လို လူစားမျိုးမဟုတ်ဘူးလို့ထင်ခဲ့တာ..."ဒယ်ဒီကိုမမုန်းပါနဲ့နော်သား ..."
"ကျွန်တော်မမုန်းဘူး မာမီ...နာကျည်းနေတာ..."
မိုးမာန်အကြောင်း ဒေါ်မာဦး အသိဆုံးပင်..
နာကျည်းပြီဆိုရင် အဆုံးထိ နာကျည်းလိုက်ရမှ...
ဘယ်သူမှတားမရနိုင်...အသက်က ၂၅ ဆိုပေမယ့်
တော်တော်ဆိုးတဲ့သား...
သူ့အဖေ ဦးမောင်ဦး မဆုံးသေးရင်
လိုက်သတ်မဲ့ကောင်...
အဖေထက် အမေကိုပိုချစ်တဲ့ သူမို့ အ
မေထိ ဓားကြည့်ဆိုတဲ့ လူမျိုး..ဒေါ်မာဦး အဖေ ဖြစ်သူက အမွေ အဖြစ် "M" ဆိုတဲ့
ကုမ္မဏီအသေးစားလေးကို ပေးခဲ့တာ...
ကုမ္မဏီ သေးသေးလေးကနေ
အခုထိရောက်အောင်လင်မယားနှစ်ယောက်ကြိုးစားခဲ့ကြတာ.
.. သားလေး တစ်ယောက်ရလာတော့...
အတူတူပျော်ခဲ့ကြတာ....
ကုမ္မဏီ တွေ တစ်ခုပြီးတစ်ခု အခွဲပေါင်းများစွာဖွင့်နိုင်ခဲ့ပြီး
နောက်ဆုံးတော့လည်း ငွေလောဘကြောင့်...
. ဘာမှမမြင်တော့ပေ...
လောင်းကစားတွေ လုပ်ပြီး...
အကြွေးတွေတင်လာခဲ့တာ...
မဆပ်နိုင်တော့မှ... ကိုယ့်ကိုယ်ကိုယ်သတ်သေသွာခဲ့တာတဲ့လား...အကြွေးတွေ စိတ်ဆင်းရဲစရာတွေနဲ့ ချန်ထားခဲ့တာမို့
သားဖြစ်သူ ဒေါသ ဖြစ်နေတာကို
ဒေါ်မာဦးတစ်ယောက်နားလည်ပေးမယ့်လည်း...
ဖခင်ဖြစ်သူကိုတော့ အငြိုးအတေးမထားစေချင်....ဖခင်အမွေပေးထားခဲ့တဲ့ ပင်ရင်းကုမ္မဏီကို
မပေးရက်ပေမယ့်လည်း...
အကုန် ပေးလိုက်ရလေပြီ....
အကြွေးတွေဆပ်ဖို့ အိမ်ရော ပိုင်ဆိုင်တဲ့မြေတွေပါ
အကုန် ရောင်းချကာ ဆပ်လိုက်ရသည်....လက်ရှိတော့...
မိုးမာန် ငယ်ငယ်ကတည်းက ထိန်းကျောင်းပေးတဲ့
ဒေါ်ဖြူ ဆိုသည့် အိမ်တော်ထိန်း ဆိုသည့်
သူအိမ်မှာ ကပ်နေရတဲ့ အဆင့် ရောက်သွားခဲ့ရလေပြီ...
YOU ARE READING
Right Person (လက်တွဲဖော်) [complete]
Lãng mạnငါကလဲ မင်းကို ထိချင်လို့ထိနေတာမဟုတ်ဘူး အကြင်နာ မင်းက ငါ့မိန်းမ... မင်းနဲ့ ပတ်သက်တာတွေ အကုန် ငါပိုင်တယ်... မင်းခန္ဓာ မင်းရဲ့ အရာအားလုံး ငါ ပိုင်တယ် ဆိုတာ မင်းကို သိစေချင်လို့ဘဲ.... ❤️❤️ ၁၈ယောက်🔞စုဖတ်ရမဲ့အပိုင်းလေးတွေပါတယ်နော်🤭