part-6💜

5.8K 98 0
                                    

လက်တွဲဖော်...[Right Person] 🍓🤍

အပိုင်း (၆)

မာန်နဲ့ အကြင်နာနဲ့ မင်္ဂလာဆောင်ဟာ
ပြီးသွားခဲ့လေပြီ.....
မင်္ဂလာဆောင်ပြီးတာနှင့်
မာန်ရဲ့အိမ်ကို ခေါ်လာခဲ့သည်...
မယူခင်ကတည်းက အနောက်က
အိမ်အကြီးကြီးကိုရှင်းထားခိုင်းထားတာမို့
အခု တခါတည်း ရွေ့ လာရုံပင်...
အဆင်ပြေပြေ ပြီးသွားတဲ့ မင်္ဂလာပွဲ အတွက်ရော
မင်္ဂလာပွဲကို အကျဥ်းချုံ့ဘဲ လုပ်ပေးတဲ့ အတွက်ရော...
ဦးမင်းခေါင် ကိုတကယ် ကျေးဇူးတင်လှသည်..

မာန် နဲ့ မယူခင် တစ်လ အလိုရော...
အခုယူပြီးသည့်အချိန် အထိရော
မာန်နဲ့ အကြင်နာဟာ စကားတစ်ခွန်းမှ မပြောဖြစ်ကြပါ...
ပြောစရာမလိုဘူးလေ...
ဒါ သူ့ရဲ့ဟန်ပြဘဲဟာ...

အိမ်ထဲဝင်ပြီး ပစ္စည်းတွေချကာ
မောလို့ဆိုပြီးနားနေတုန်း...
ကြီးဖြူတို့မိသားစုရော
မာမီတို့ပါ သူတို့ အိမ်ကိုလာခဲ့လေသည်..

"သမီးရေ အဆင်ပြေရဲ့လား...
ဒီအိမ်မှာနေရတာ အဆင်မပြေရင်
မာမီတို့ အိမ်ရှေ့အိမ်မှာလာနေလဲ ရတယ်နော်..."

"ဟုတ် ရပါတယ်ရှင့် အန်တီ...
လီလီ အဆင်ပြေပါတယ်..."

ကြားရပါပြီ သူမရဲ့အသံ....

"အန်တီလို့မခေါ်ပါနဲ့ ကွယ်
မာမီလို့ဘဲခေါ် သမီးက ဒီမိသားစုဝင်ဘဲဟာ...နော်...
ပြီးတော့ ဒါက ဒေါ်ဖြူတဲ့
မာမီတို့ရဲ့ ကျေးဇူးရှင်ဘဲ...
သူတို့လည်း အန်တီတို့ရဲ့မိသားစုဘဲ...
တစ်ခုခုလိုတာရှိရင် ဒေါ်ဖြူကိုပြောလို့ရတယ်နော်သမီး...
ဒေါ်ဖြူရဲ့ သမီးလည်းရှိတယ် တခါတလေ
စကားပြောဖော်လေးရတာပေါ့..."

"ဟုတ်ကဲ့ မာမီ.."

အန်တီမာဦးဟာ အကြင်နာကို
တော်တော်လေးချစ်ပေးသည်...
သမီး သမီးနှင့် ပါးစပ်ကနေ ကိုမချခဲ့ပါ...
ရုတ်တရက်ကြီ အိမ်ထောင်ကျသွားခဲ့ပေမယ့်
အန်တီမာဦးက သူ့ကို သမီးအရင်းလို
သဘောထားပေးလို့ အကြင်နာ အတွက်
တော်တော် ဖြေသိမ့်ရာ ရခဲ့သည်....
ကိုမိုးမာန်ကိုကြည့်လိုက်တော့ ဧည့်ခန်းနားမှာ
ဒီတိုင်းသာထိုင်နေပြီး ဖုန်းသာကြည့်နေလေသည်...
ဒီလို လူနှင့် အကြင်နာ ဘယ်လိုရှေ့ဆက်သွားရပါ့မလဲ...

Right Person (လက်တွဲဖော်) [complete]Where stories live. Discover now