လက်တွဲဖော် (Right Person)❤️🌸
EXTRA PART...❤️
"ကိုမိုးမာန်...ဒီနေ့ အကြင်နာ
စျေးဝယ်သွားစရာရှိတယ် လိုက်ကူမယ်မလားဟင်..""ဘယ်အချိန် အထိ ကိုမိုးမာန်လို့ဘဲ ခေါ်နေဦးမှာလဲ
ယောက်ျားလို့ ခေါ်ပါလို့ပြောထားလျက်နဲ့"အိမ်ယာကနေ မထသေးတဲ့ ကိုမိုးမာန်ကို
အကြင်နာ လှမ်းကြည့်ရင်း..."ယောက်ျားလို့မှမခေါ်ချင်တာ..
ကဲပါ ထထ အပြင်သွားဖို့ပြင်တော့...""မခေါ်မချင်းမထဘူး"
အပေါ်အင်္ကျီမပါဘဲ..
ကုတင်စောင်းကိုမှီပြီး ကလေးဆန်ဆန်နေနေတဲ့ ကိုမိုးမာန်ကို
အကြင်နာ အမြင်ကတ်လာကာ...
ကုတင်နားသွားလိုက်ပြီး..."ဖက်..."
"အာ့..."
လက်မောင်းကို ဆပ်ကနဲ အရိုက်ခံလိုက်ရတာကြောင့်
မာန် အံသြမိသွားပါရဲ့..."ဘာလို့တုန်း မိန်းမရ"
"ထတော့ ကလေးဆန်မနေနဲ့"
နှုတ်ခမ်းလေးကိုကိုက်ပြီး
သူ့ကိုစိတ်မရှည်ဖြစ်နေတဲ့ အကြင်နာကို
အူယားလာကာ လက်ကလေးကိုလှမ်းဆွဲလိုက်ပြီး
ကုတင်ပေါ်သို့ ဆွဲခေါ်လိုက်သည်..."ကိုမိုးမာန်မလုပ်နဲ့နော်...
အကြင်နာက အကုန် ပြင်ဆင်ထားပြီးပြီ..
ထပ်မပြင်ချင်ဘူး..."မျက်နှာလေးကို ကွယ်ကာပြောနေတဲ့ အကြင်နာကို
သူစချင်တာနဲ့..."မွမွ မွစ်.."
ကွယ်ထားတဲ့လက်တွေကိုဖယ်ကာ...
မျက်နှာအနှံ့ အနမ်းတွေပေးလိုက်သည်..."အား....ကိုမိုးမာန်... မလုပ်ပါနဲ့ဆို.."
"ဒုတ်"
"အာ့...."
"ကိုမိုးမာန်...!"
အကြင်နာရုန်းရင်းဖြင့်...
ကိုမိုးမာန်ရဲ့ ငယ်ပါကို ဒူးခေါင်းဖြင့် ဆောင့်မိလိုက်ခြင်းပင်...ထိုနေရာလေးကိုအုပ်ကာ..
မျက်နှာလေးနီနေပြီး..မို့ယာပေါ်မှာ လူးလိမ့်နေတော့ အကြင်နာ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားလေသည်...
YOU ARE READING
Right Person (လက်တွဲဖော်) [complete]
Lãng mạnငါကလဲ မင်းကို ထိချင်လို့ထိနေတာမဟုတ်ဘူး အကြင်နာ မင်းက ငါ့မိန်းမ... မင်းနဲ့ ပတ်သက်တာတွေ အကုန် ငါပိုင်တယ်... မင်းခန္ဓာ မင်းရဲ့ အရာအားလုံး ငါ ပိုင်တယ် ဆိုတာ မင်းကို သိစေချင်လို့ဘဲ.... ❤️❤️ ၁၈ယောက်🔞စုဖတ်ရမဲ့အပိုင်းလေးတွေပါတယ်နော်🤭