လက်တွဲဖော် (Right Paerson) 🤍🌹
အပိုင်း(၂၀)
အကြင်နာ အိမ်ကနေ ထွက်သွားခဲ့တာ ၁လပင်ပြည့်လေပြီ...
၁လ ဆိုပေမယ့် မာန် အတွက်တော့ ၁နှစ်လိုပင်...
အရမ်းကြာလွန်းတဲ့ အချိန်တွေကြောင့်
မာန် ခံစားနေရတာတွေကို ဖြေသိမ့်ဖို့ အရမ်းခက်ခဲလှသည်...
ကုမ္မဏီကိုလည်းမသွားဖြစ်...အိမ်မှာလဲ မနေ...
စိုးအောင်တို့နှင့် အရက်သောက်ရင်သောက်
မသောက်ဖြစ်ရင်တော့... ဟိုတယ်တစ်ခုမှာ ငှားပြီး တစ်ယောက်တည်း သောက်နေတတ်သည်....အကြင်နာက သူ့ကို ချစ်နေခဲ့တယ်လို့
သူထင်နေခဲ့တာ...
ထင်တာနှင့် တလွဲဖြစ်နေတော့
မာန် တကယ်ခံရခက်လှသည်..."မသောက်တော့နဲ့ မင်းဒီလိုဖြစ်နေတာ
၁လ ရှိပြီနော် မိုးမာန်..."သိန်းထိုက်ဦး တားပေမယ့် မရပေ...
အရက်သောက်လွန်းလို့ တော်ရုံနဲ့တောင်
မမူးတော့ပေ...
မာန် ဆံပင်တွေကို လက်ချောင်းတွေနှင့်
ထိုးဖွကာ..
ဝဲတက်လာတဲ့ မျက်ရည်တွေကို မကျလာအောင်
ထိန်းထားရသည်...အခြေအနေကို မြင်တဲ့ စိုးအောင်နဲ့
သိန်းထိုက်ဦးကတော့ ဘာပြောလို့ပြောရမယ်
မှန်းမသိတော့ပေ..."ငါဆိုတဲ့ကောင်ကလေ... ဒီလို
ကောင်မမျိုးအတွက်နဲ့ ခံစားနေမဲ့ကောင်မျိုးမဟုတ်ဘူးကွ..."ခံစားနေရတာကို မခံစားရဘူးပြောနေတော့
စိုးအောင်နဲ့ သိန်းထိုက်ဦး ပြုံးလိုက်မိသား..."ယောက်ျားတစ်ယောက်လုံးရှိနေတာတောင်...
သူ့လင်နဲ့ လာမနေဘဲ သူက ဘာလို့
သူ့အဖေနောက်လိုက်သွားရတာလဲ...
တောက်စ်... အဲ့လိုမျိုး အတ္တဆန်တဲ့ကောင်မမျိုးကို
ငါ လုံးဝမကြိုက်ဘူး...""မင်း ရှေ့ဆက်ဘာလုပ်မယ်စဥ်းစားထားလဲ..."
"သတ်ပစ်မှာ... ငါနဲ့ မနေချင်တဲ့ မိန်းမ..
တွေ့တာနဲ့ တွေ့တဲ့ နေရာမှာ သတ်ပစ်ဦးမယ်..."သတ်ပစ်မယ်တဲ့... ရီရသား...
ချစ်နေတာကို ချစ်နေတယ်လို့
မဖွင့်ပြောတဲ့ကောင်နဲ့တော့ ခက်ပြီ...
အခုလည်းကြည့်... သတ်ပစ်မယ်လို့ပြောပြီး
မျက်ရည်တွေက ကျလုနီးနီးဖြစ်နေပြီ...
မပွင့်တပွင့်နဲ့ ဒီကောင်တော့ တစ်ခုလပ်ဖြစ်တော့မှာဘဲ...
YOU ARE READING
Right Person (လက်တွဲဖော်) [complete]
Romantikငါကလဲ မင်းကို ထိချင်လို့ထိနေတာမဟုတ်ဘူး အကြင်နာ မင်းက ငါ့မိန်းမ... မင်းနဲ့ ပတ်သက်တာတွေ အကုန် ငါပိုင်တယ်... မင်းခန္ဓာ မင်းရဲ့ အရာအားလုံး ငါ ပိုင်တယ် ဆိုတာ မင်းကို သိစေချင်လို့ဘဲ.... ❤️❤️ ၁၈ယောက်🔞စုဖတ်ရမဲ့အပိုင်းလေးတွေပါတယ်နော်🤭