လက်တွဲဖော် [Right person]🤍🍓
အပိုင်း (၇)
မာန် အခုတလော ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက်တွဲကာ အလုပ်ရှုပ်နေရလေသည်...
ကုမ္မဏီကိုတောင်မလာဖြစ်... အလုပ်မှန်သမျှလည်း အကြင်နာကိုသာလွှဲထားရသည်...
တစ်ခုခု အရေးကြီးမှ သူ အပြေးလာရသည်...
တခါတလေ နှုတ်ခမ်းနီတွေပေနေတဲ့ အင်္ကျီနဲ့ ကုမ္မဏီကိုပြေးလာရင်လည်း အကြင်နာ မြင်ပါက ဘာမှ မပြောခဲ့ပါ..
. သူ့အတွက် အင်္ကျီ နှင့် ဘောင်းဘီတွေက အဆင်သင့်ရှိပြီးသား...
အဲ့လောက်ထိအလိုက်သိတတ်တဲ့ မိန်းကလေးဗျ...."ဘော့စ်က မိန်းမဗွေတယ်လို့ပြောတယ်..."
"ဗွေတာ က ရိုးရိုးမဟုတ်ဘူးဟေ့... ဟိုနေ့က ငါ ကော်ဖီ ဝယ်သောက်မလို့ ကုမ္မဏီ အောက်ထပ်ကို ဆင်းလာတော့ ပြာတာတာနဲ့ ပြေးလာတာ လည်ပင်းက နှုတ်ခမ်းနီကြီးနဲ့ သူ့ကိုယ်သူတော့ သိပုံမပေါ်ပါဘူး..."
"ဘော့စ်ရဲ့ မိန်းမဖြစ်မဲ့ သူကိုတော့ ငါသနားတယ်ဟေ့"
"ဟိတ် ငါကတော့ ဘော့စ်ကိုရရင် ဘယ်လိုဘဲဖြစ်ဖြစ်...လက်ခံမှာ.. ဘာလို့ဆို ဘော့စ်က ချောတယ်လေ"
"အေ့ဟ အဲ့တာလည်းဟုတ်တယ်...ဆံပင်ရွှေအိုရောင် စဆိုးလာတဲ့ နေ့ကတည်း က ပိုပိုချောလာသလားလို့..."
နေ့လည်စာ ထမင်းစားချိန်မှာ ဘေးက ထမင်းဝိုင်းမှာပြောနေကြတဲ့ စကားတွေကို အကြင်နာနားထောင်ရင်း ထမင်းစားမဝင်ဖြစ်လှသည်...
သူတို့ ယူထားတာ ကုမ္မဏီက တစ်ယောက်မှမသိဘူးလေ...
ပြီးတော့ ပိုဆိုးတာက ကိုမိုးမာန်ကို လူပျိုလို့ထင်နေကြတာကိုပင်...
နဂိုကမှ ရုပ်ချောလို့ လူကြည့်တာ ပိုများပါတယ်ဆို...
ဆံပင်ရွှေအိုရောင် သွားဆိုးကတည်းက အကြင်နာ ရောက်တဲ့နေရာတိုင်းမှာ "ဘောစ့်က ပိုချော လာတယ်" "ဘောစ့်က ပိုခန့်လာတယ်" ဆိုပြီး အမြဲကြားနေရလေသည်...တကယ်လဲ ပိုချောလာသည်... ကိုမိုးမာန်က တော့ ကိုမိုးမာန်ပါဘဲ ဒါပေမယ့် အရင်လိုတော့မဟုတ်တော့တာ သေချာသည်..
အပြင်ပန်းရော အတွင်းစိတ်တွေရောပင်...🤍🍓🤍🍓🤍🍓
ကိုမိုးမာန်ဟာ ရုံးပိတ်ရက်တွေဆိုလည်း အိမ်ပြန်မလာ...
ထမင်းစားချိန်တွေလည်း အိမ်ပြန်မစားတာမို့ အကြင်နာ အခုနောက်ပိုင်း တစ်ယောက်စာ ဘဲ ချက်စားဖြစ်သည်..ရုံးဖွင့်ရက်တွေဆို မာမီတို့ဆီ သွားစားသည်...
ကြာလာတော့ အကြင်နာ ခံစားနေရတာတွေကို ဖွင့်ထုတ်ပြောလိုက်ချင်သည်... သို့သော်မပြောရဲပါ... ပြောလိုက်လို့ ဒယ်ဒီနဲ့ ပြဿနာဖြစ်ကြရင် အကြင်နာ အမှားသာဖြစ်မည်...
YOU ARE READING
Right Person (လက်တွဲဖော်) [complete]
Romanceငါကလဲ မင်းကို ထိချင်လို့ထိနေတာမဟုတ်ဘူး အကြင်နာ မင်းက ငါ့မိန်းမ... မင်းနဲ့ ပတ်သက်တာတွေ အကုန် ငါပိုင်တယ်... မင်းခန္ဓာ မင်းရဲ့ အရာအားလုံး ငါ ပိုင်တယ် ဆိုတာ မင်းကို သိစေချင်လို့ဘဲ.... ❤️❤️ ၁၈ယောက်🔞စုဖတ်ရမဲ့အပိုင်းလေးတွေပါတယ်နော်🤭